မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း ၉)


(၁၈၄၉) ခုနှစ် အောက်တိုဘာလလယ်လောက်အရောက်တွင် ဥပဒေပြုလွှတ်တော် အစည်းအဝေး နောက်တ ကြိမ် ထပ်ထိုင်ပြန်သည်။ လွှတ်တော်မှာ လူဝီဘိုနာပတ်က အံ့သြစရာ သတင်းတခုကို တင်ပြခဲ့သည်။ “ဘား ရော့”ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့ကို သူ ဖြုတ်ချလိုက်ပြီ။ ဝန်ကြီးအဖွဲ့သစ်ကို ဖွဲ့စည်းရမည်-ဆိုတာပါပဲ။

ဘားရော့ဝန်ကြီးအဖွဲ့ဆိုသည်မှာ တရားဝင်ဝါဒီများနှင့် အော်လီယန်မင်းဆက်လိုလားသူများကို ပေါင်းစပ်ထား သည့် (Party of Order) ပါတီ၏ ဝန်ကြီးအဖွဲ့ပါ။ ရီပတ်ဘလစ်ကင်(သမ္မတဂိုဏ်းသား) တို့၏ တိုင်းပြုပြည်ပြု လွှတ်တော်ကို တိုက်ခိုက်ဖယ်ရှားဖို့ လုပ်စဉ်က ဘိုနာပတ်အတွက် ဘားရော့ဝန်ကြီအဖွဲ့ကို လိုအပ်ခဲ့သည်။ ဒီဝန် ကြီးအဖွဲ့နှင့်ပဲ ဘိုနာပတ်သည် ရောမအား ကျူးကျော်တိုက်ခိုက်ရေးလုပ်ခဲ့သည်။ ဆိုရှယ်ဒီမိုကရက် တစ်ပါတီ ရိုက်ချိုးပစ်ရေးကို လုပ်ခဲ့သည်။

ဘိုနာပတ်အတွက် ဒီဝန်ကြီးအဖွဲ့သည် အကာအကွယ် မျက်နှာဖုံးတခုသာ ဖြစ်ခဲ့သည်။ အခုတော့ ဒီမျက်နှာဖုံး ခေါင်းစွပ်ကို သူ မလိုအပ်တော့။ သူ့ကိုယ်ပိုင် မျက်နှာဖုံးခေါင်းစွပ်ကိုသာ သူ သုံးတော့မည်။ (Party of Order) ပါတီ၏ ဥပဒေပြုလွှတ်တော်ဆိုတာ နှင့် ကင်းကွာပြီး သူ လွတ်လွတ်လပ်လပ် လှုပ်ရှားချင်ပြီ။

ဒီဝန်ကြီးအဖွဲ့ကို ဖြုတ်ချပစ်လိုက်ခြင်းသည် ဥပဒေပြုလွှတ်တော်ကို တိုက်ခိုက်ဖို့ ဦးတည်လိုက်ခြင်းပင် ဖြစ်သည်။ သို့ရာတွင် တိုက်ရိုက်ထိခိုက်သွားသည်မှာ ဝန်ကြီးဘားရော့နှင့် အပေါင်းပါများသာ ဖြစ်သည်။ ဘားရော့ဝန်ကြီး အဖွဲ့သည် ဘိုနာပတ်ခေတ်တွင် ဘိုနာပတ်ပင့်ခေါ်ခဲ့သော ပထမဆုံး ဝန်ကြီးအဖွဲ့ ဖြစ်သကဲ့သို့ ပါလီမန်ဆိုင်ရာ နောက်ဆုံးဝန်ကြီးအဖွဲ့လည်း ဖြစ်ခဲ့သည်။

နောက်တက်လာသည့် ဝန်ကြီးအဖွဲ့သစ်ကတော့ (d’Hautpoul) ဦးဆောင်သည့် ဝန်ကြီးအဖွဲ့ပါ။ သို့သော် တ ကယ့်လက်တွေ့မှာကျ ဗိုလ်ချုပ် (d’Hautpoul) သည် ဝန်ကြီးချုပ်အဆင့်နေရာကို ရခဲ့သည်မဟုတ်။ ဝန်ကြီး ချုပ် ဘားရော့ ထွက်သွားပြီးကတည်းက ဘိုနာပတ်က ဒီရာထူးနေရာကို ဆက်လက်ထားရှိခြင်း မပြုတော့။ ဘိုနာ ပတ်က စည်းမျဉ်းခံဘုရင်စနစ်မှာလိုပဲ သမ္မတ နိုင်ငံမှာ သမ္မတတဦးရှိလျှင် တော်လောက်ပြီဟု သဘောထား သည်။ သမ္မတဆိုတာ စည်းမျဉ်းခံဘုရင်စနစ်က ဘုရင်နှင့် အဆင့်တူပဲ။ ဒါပေမဲ့ သမ္မတကတော့ ရာဇာပလ္လင်မရှိ၊ သံလျက်မရှိ။ ဓားလည်း မရှိဘူးပေါ့။ သမ္မတစနစ်မှာ ဘိုနာပတ် မကြိုက်ဆုံးကတော့ ဘုရင်တွေလို နန်းတော် သုံးစရိတ်မရှိခြင်းပါပဲ။ ဒီအမြင်အရ ဝန်ကြီးအဖွဲ့သစ်ကို ပြောင်းလဲဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝန်ကြီးအဖွဲ့သစ်သည် ယခင်ဝန်ကြီးအဖွဲ့တွေလိုမျိုး မဟုတ်။ သူ့ဝန်ကြီးအဖွဲ့ထဲမှာ ပါလီမန်အဆင့်ရှိသူ ဆိုလို့ တဦးတည်းသာ ပါသည်၊ သူကတော့ ငွေတိုးကြီးစား အမြတ်ရှာသူ (Fould) ပါပဲ။ ဘဏ်သူဌေးတွေထဲမှာ နာမည်အပျက်ဆုံး၊ အဆိုးဆုံး ပုဂ္ဂိုလ်။ ဘဏ္ဍာရေးဝန်ကြီးရာထူးသည် သူ့လက်ထဲသို့ ရောက်ရှိသွားသည်။ (၁၈၄၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ဘိုနာပတ် ခေတ်၏ စတော့ငွေကြေး စာချုပ်ဈေးတွေ အတက်အကျ မငြိမ်မသက်ဖြစ်နေပုံကို စတင်တွေ့မြင်လာရသည်။)

ဘိုနာပတ်သည် ပုလိပ်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ရာထူးနေရာတွင်လည်း (Carlier) ကို ခန့်ပြီး သူက အပိုင် ကိုင်ထားလိုက်သည်။

(၁၈၅ဝ) ခုနှစ် မတ် (၁ဝ) ရက်နေ့တွင် ရွေးကောက်ပွဲတခု လုပ်ခဲ့သည်။ ဂျွန်လ (၁၃) ရက်နေ့နောက်ပိုင်း လစ် လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာတွေကို ပြန်ဖြည့်ပေးဖို့ ဖြစ်သည်။ (အဖမ်းခံရ၊ အဖြုတ် ခံရလို့ လျော့သွားသည့် ကိုယ်စားလှယ် နေရာများပါ။)

ဒီရွေးကောက်ပွဲတွင် ပဲရစ်သည် ဆိုရှယ်ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေကိုချည်း ရွေးကောက်တင် မြှောက်ပေးလိုက်သည်။ ပဲရစ်မှ ဓနရှင်ပေါက်စလူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားနှင့် မဟာမိတ်ဖွဲ့ပြီး (၁၈၄၉) ဂျွန် (၁၃) ရက်အရေးအခင်းမှာ သူ±ှုံးနိမ့်ခဲ့ရခြင်း အတွက် ပြန်ပြီး လက်စားချေလိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် (၁၈၅ဝ) ခုနှစ်၊ မေလ (၃၁) ရက်နေ့မှာကျတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်ကို ပြင်ဆင် ထုတ်ပြန်လိုက်သည်။ ထိုနေ့ကစပြီး ဥပဒေသစ်အတိုင်း လုပ်ဆောင်တော့သည်။ ဒီဥပဒေသစ်သည် ဓနရှင်လူ တန်းစား၏ အာဏာသိမ်းမှု ဟူ၍လည်း ဆိုနိုင်သည်။ မတ်လ (၁ဝ) ရက်နေ့ ရွေးကောက်ပွဲမှာတုန်းက ပဲရစ်မှ ဓန ရှင်ပေါက်စနှင့် ပစ္စည်းမဲ့လူတန်းစားတို့က ဆိုရှယ်ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေကိုချည်း မဲပေးခဲ့ခြင်းသည် ဓနရှင်လူတန်းစား၏ အုပ်စိုးမှုကို တိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဓနရှင်လူ တန်းစားကလည်း အထွေထွေရွေးကောက်ပွဲကို ဥပဒေပြင်ပသို့ ထုတ်ပစ်လိုက်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြင်ပြီး အဖြေပေးတုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ပိုရှင်းအောင်ပြောရလျှင် အထွေထွေ ရွေးကောက်ပွဲကို ဖျက်သိမ်း ပစ်လိုက်ခြင်း ဖြစ်၏။ မတ်လ (၃၁) ရက်နေ့ ဥပဒေသည် လူတန်းစားတိုက်ပွဲ၏ မလွှဲမရှောင်သာသည့် ကိစ္စတရပ်အဖြစ် ပေါ်ထွက် လာခဲ့ခြင်းသာ ဖြစ်သည်။

၁၈၅ဝ ခုနှစ်သည် ပြင်သစ် စက်မှုနှင့် ကုန်သွယ်ရေးအရင်းရှင်တို့အတွက် အလားအလာကောင်းသော နှစ်တနှစ် ပါ၊ ပဲရစ်က ပစ္စည်းမဲ့လူတန်းစား အများအပြား အလုပ်ရခဲ့ကြသည်။ သို့ရာတွင် (၁၈၅ဝ) မတ်လ (၃၁) ရက်နေ့ ဥပဒေကတော့ ပစ္စည်းမဲ့လူတန်းစားကို ဘယ်လို တန်ခိုးအာဏာမှ မရအောင် ဖယ်ရှားထားလိုက်သည်။ ဖေဖော် ဝါရီ တော်လှန်ရေးမတိုင်ခင်က အခြေအနေမျိုးဆီ ပြန်ပို့ ထားလိုက်သည်။

ဒီဥပဒေသစ်က ပြင်ပစ်လိုက်တဲ့ နောက်ထပ်ကိစ္စတရပ်ကတော့ သမ္မတရွေးချယ်ရေး ဖြစ်၏။

ယခင်ဥပဒေအရ သမ္မတကို ရွေးကောက်ရာမှာ မဲ (၂) သန်း ရရှိဖို့လိုသည် - ဟု သတ်မှတ်ထားခဲ့သည်။ မည် သည့် အရွေးချယ်ခံ သမ္မတလောင်းတဦး တယောက်ကမျှ ဒီလို လိုအပ်တဲ့ မဲအရေအတွက်ကို မရလျှင် မဲအရေ အတွက် အများဆုံးရရှိသော သမ္မတလောင်း (၃) ဦးထဲမှ တဦးဦးကို အမျိုးသားလွှတ်တော်က သမ္မတအဖြစ် ရွေး ချယ်ပေးရမည် ဖြစ်သည်။ ထိုအချိန်က ပြင်သစ်ပြည်တွင် မဲပေးနိုင်သူ ဦးရေ စုစုပေါင်းမှာ (၁ဝ) သန်း ရှိသည်ဟူ၍ စာရင်းပေါက်သည်။ ဆိုလိုသည်မှာ သမ္မတတဦးသည် မဲအရေအတွက် စုစုပေါင်း၏ (၅) ပုံ (၁) ပုံ ရရှိဖို့ လိုအပ် လိမ့်မည် ဆိုသော အဓိပ္ပာယ်ပင် ဖြစ်၏။

မေလ (၃၁) ရက်နေ့ ဥပဒေသစ်သည် မဲပေးနိုင်သူ အနည်းဆုံး (၃) သန်းလောက်ကို မဲပေးခွင့်ရှိသူ စာရင်းထဲမှ ထုတ်ပယ်ပစ် လိုက်သည်၊ ထို့ကြောင့် သမ္မတလောင်းတဦးအဖို့ လိုအပ်သော မဲအရေအတွက်သည် မဲစုစုပေါင်း၏ (၃) ပုံ (၁) ပုံ ဖြစ်သွားသည်။ ဤသည်မှာ သမ္မတလောင်းများကို သမ္မတဖြစ်ဖို့ ပိုမို ခက်ခဲသွားအောင် လုပ် လိုက်ခြင်းသာ ဖြစ်သည်။ သို့မှသာ သမ္မတကို လွှတ်တော်က တိုက်ရိုက်ရွေးချယ်နိုင်မည် မဟုတ်ပါလား။ တနည်း ဆိုလျှင် သမ္မတကို ရွေးကောက်တင်မြှောက်ပေးနိုင်သည့် အခွင့်အရေးသည် ပြည်သူများလက်ထဲ ရှိနေရာမှ သူ့ လက်ထဲရောက်အောင် ဥပဒေပြုအမျိုးသားလွှတ်တော်က လုယူလိုက်ခြင်းသာ ဖြစ်၏။

• • •

တော်လှန်ရေးအတွက် အကျပ်အတည်းဖြစ်ပြီး ရာသီဥတုဆိုးဝါးလာချိန်နှင့် အထွေထွေရွေးကောက်ပွဲကို ဖျက် သိမ်းပြီးချိန်တွင် ဘိုနာပတ် နှင့် အမျိုးသားလွှတ်တော် အကြားတွင်လည်း တိုက်ပွဲတပွဲ စတင်ဖြစ်တည်လာသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လူဝီဘိုနာပတ်၏ လစာငွေကို ပြင်သစ်ဖရန့်ငွေ (၆ဝဝ, ဝဝဝ) ဟု သတ်မှတ်ခဲ့ သည်။ သို့ရာတွင် သူ သမ္မတဖြစ်အပြီး (၆) လ ပြည့်ပြီးသည်၏နောက်ပိုင်းတွင် ဘိုနာပတ်သည် ဒီလစာငွေ၏ (၂) ဆ ရရှိခဲ့သည်။ ဝန်ကြီးချုပ် ဘားရော့က တိုင်းပြုပြည်ပြုလွှတ်တော် (ထိုအချိန်က တိုင်းပြုပြည်ပြု လွှတ်တော် ကာ လသာ ဖြစ်သေးသည်။) ထဲမှာ ဘိုနာပတ် အတွက် အပိုခွင့်ပြုငွေ ဖရန့်ငွေ (၆ဝဝ, ဝဝဝ) ကို တင်ပြတောင်းဆို ပေးခဲ့၍ ဖြစ်သည်။ ဇွန်လ (၁၃) ရက်နေ့နောက်ပိုင်းတွင်လည်း ဘိုနာပတ်က ဒီငွေထက် ပိုမိုရရှိဖို့ ထပ်မံ တောင်း ခံသည့် လေသံ ထွက်လာခဲ့သေးသည်။ သို့သော် ဒီတကြိမ်မှာတော့ ဘားရော့က မလှုပ်တော့။ မေလ (၃၁) ရက်နေ့ နောက်ပိုင်းကျတော့ အခွင့်ကောင်းယူပြီး ဘိုနာပတ်က သူကိုယ်တိုင်ပဲ ငွေရရှိဖို့ တောင်းခံလာသည်။ ဒီတော့ သူ၏ ဝန်ကြီးအဖွဲ့ကလည်း မတတ်သာဘဲ သမ္မတအိမ်တော်သုံးရန် ဖရန့်ငွေ သုံးသန်း နှစ်စဉ်ထုတ်ပေးဖို့ အမျိုးသားလွှတ်တော်အတွင်း တင်ပြ လိုက်သည်။

ဘိုနာပတ်တွင် သူတပါး၏ အားနည်းချက်အပေါ် အမြတ်ထုတ်တတ်သည့်အကျင့်သည် အရိုးစွဲခဲ့ပြီးသား။ သူတ ပါး၏ အားနည်းချက်ကို အနံ့ခံရာမှာလည်း အမဲလိုက်ခွေးကတောင် အရှုံးပေးရလောက်သည်။ ငွေညှစ်ရသည့် အလုပ်ဆိုသည်ကလည်း သူ့အတွက် ကျင့်သားရနေပြီ။ ဥပဒေပြုအမျိုးသားလွှတ်တော်သည် လူထု၏ မဲပေးနိုင် ခွင့် အခွင့်အရေး တနည်းအားဖြင့် ပြည်သူ့အချုပ်အခြာအာဏာကို ထိပါးခဲ့သည်။ ဒါကို ဘိုနာပတ် သိပြီးသား။ ဒီကိစ္စမှာ သူကိုယ်တိုင် အထောက်အကူပြုပေးခဲ့ရသည် မဟုတ်လား။ သူက ဒီ အချက်ကို ဥပဒေပြုလွှတ်တော်၏ အားနည်းချက်အဖြစ် ဆုပ်ကိုင်လိုက်သည်။ သူ့ကို ငွေ (၃) သန်း မပေးခဲ့ရင် ဥပဒေပြု အမျိုးသားလွှတ်တော်၏ ပြစ်မှုကို ဖွင့်ချမည်ဟု ခြိမ်းခြောက်လိုက်သည်။

အမျိုးသားလွှတ်တော်ကလည်း မပေးနိုင်ဘူးဟု ပြန်ငြင်းလိုက်သည်။ ဒီတော့ ဘိုနာပတ်က သူ ကိုင်ထားတဲ့ သ တင်းစာတွေကနေ ဥပဒေပြုအမျိုးသားလွှတ်တော်ကို အဆက်မပြတ် ခြိမ်းခြောက်ရေးသားတာ လုပ်ပြလိုက် သည်။ အမျိုးသားလွတ်တော် အနေဖြင့်လည်း တိုင်းပြည်တွင်းက ပြည်သူလူထုနှင့်ပတ်သက်သော အခြေခံမူကို အမှန်ပဲ ချိုးဖောက်ရာကျခဲ့သည်။ နောက်ဆုံးကျ တော့...

လွှတ်တော်က သမ္မတ၏ အိမ်တော်သုံးငွေပေးဖို့ကိစ္စ ပယ်ချခဲ့တာအမှန်ပါပဲ။ သို့ရာတွင် ဒီတကြိမ်မှာ တော့ ဘိုနာပတ်ကို အပို ခွင့်ပြုငွေ (၂ ) သန်း (၁) သိန်း (၆) သောင်း ပေးမည်ဟု အာမခံလိုက်ရသည်။ အမျိုး သား လွှတ်တော်ဘက်က အလျှော့ပေးလိုက်ရခြင်း ဖြစ်၏။

ဘိုနာပတ်အနေဖြင့် ဒီလောက် ငွေများများ ဘာအတွက် လိုနေရသလဲ။

ဧပြီလနှင့်မေလ အကျပ်အတည်းကာလများတွင် ဘိုနာပတ်သည် အာဏာရထားသော ပါလီမန်သမား တွေကို စိန်ခေါ်ခဲ့ရသည်။ ရင်ဆိုင်ခဲ့ရသည်။ အမျိုးသားလွှတ်တော်ကို သြဂုတ်လ (၁၁) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ အချိန်ရွှေ့ရပ်နားထားရသည့် အချိန်ကျတော့ သူ့နေရာမှာ အဖွဲ့ဝင် (၂၈) ဦးပါဝင်သည့် အမြဲတမ်းကော်မရှင်က ဝင်ရောက်တာဝန်ယူသည်။ ဒီအဖွဲ့ထဲမှာ ဘိုနာပတ်၏လူဆိုလို့ တယောက်မှ မပါ။ သို့ရာတွင် သမ္မတဂိုဏ်းသားတွေဘက်ကတော့ သူတို့ထဲက တချို့လူတွေ ပါဝင်နေရာ ရထားသည်။ ဟိုအရင် (၁၈၄၉) ခုနှစ်တုန်းကတော့ အာဏာရအဖွဲ့ထဲမှာ (Party of Order) ပါတီက လူတွေရော၊ ဘိုနာပတ်၏ လူ တွေပါ ပါဝင်ခဲ့သည်။ နောက်ပြီး အဲဒီတုန်းကတော့ သိပ်ပြဿနာမကြီးလှ။ အဲဒီတုန်းက (Party of Order) ပါတီက လူတွေသည် တော်လှန်ရေးကို သူတို့ ထာဝရဆန့်ကျင်သည် -ဟု သူတို့ကိုယ်တိုင် ကြေညာထားပြီးသား။ ယခုအချိန်မှာတော့ အဲသလိုမဟုတ်တော့။ ပါလီမန်ဂိုဏ်းသားတွေက လက်ရှိသမ္မတဟာ သူတို့ရဲ့ ထာဝရရန်သူ လို့ ကြေညာလိုက်ပြီ။

မေလ (၃၁) ရက် ဥပဒေသစ်ထုတ်လိုက်ပြီးသည့်အခါကျတော့ ဘိုနာပတ်မှာ ပြိုင်ဘက်တဦးတည်းသာ ကျန်တော့ သည်။ ယခု သူရင်ဆိုင် ယှဉ်ပြိုင်နေရသည့် ပြိုင်ဘက်ကတော့ (Party of Order) ပါတီ။

ဘိုနာပတ်ကလည်း သူ့အကြံအစည်နှင့်သူ....။ သူက သူ့ကိုယ်ပိုင်အင်အားကို မွေးလိုက်သည်။ ဒီအင် အားကတော့ ဒီဇင်ဘာ (၁ဝ) ရက်အသင်း။

ဒီအသင်း၏မွေးသက္ကရာဇ်ကို (၁၈၄၉) ခုနှစ်က စရမည်။ ဒီအသင်းကို ပဲရစ်မြို့က လေလွင့်ပစ္စည်းမဲ့များနှင့် လျှို့ဝှက်ဖွဲ့စည်း ခဲ့သည်။ အသင်းကို ဘိုနာပတ်၏ စုံထောက်တွေ၊ သူလျှိုတွေက ခေါင်းဆောင်သည်။ တကယ်က ဒီအသင်းသည် စစ်တပ် တပ်ဖွဲ့သာ ဖြစ်သည်။ ဘိုနာပတ်၏ ဗိုလ်ချုပ်တဦးက ဒီအသင်းတခုလုံးကို ချုပ်ကိုင်ထား သည်။ ဒီအသင်းထဲမှာ သူခိုး ဂျပိုးတွေ၊ လောင်းကစားသမားတွေ၊ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ၊ ထိန်းကွပ်မရတဲ့ စစ်သားတွေ စသဖြင့် လူစုံပါဝင်နေသည်။ အင်အားတသောင်းခန့် ရှိသည်။

ယခင်ဖွဲ့ဖူးခဲ့သည် အမျိုးသား အလုပ်စခန်းတပ်ဖွဲ့ဆိုသည်က ဆိုရှယ်လစ် အလုပ်သမားတွေအတွက်ဖြစ်၏။ အမျိုး သား ကာကွယ်ရေးတပ် ဆိုတာကလည်း ဓနရှင်သမ္မတစနစ် ဝါဒီများအတွက် ဖြစ်သည်။ ဒီဇင်ဘာ (၁ဝ) ရက်အသင်းကျတော့ ဘိုနာပတ် ကိုယ်တိုင်အတွက် ...။ သူ့ကိုယ်ပိုင်လုပ်ငန်းက ဒါပဲ။ ဒီတပ်ဖွဲ့ ဒီအသင်းသည် သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်း၊ ကိုယ်ပိုင်အတွေးအခေါ် ကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်။ ဒီဇင်ဘာ (၁ဝ) ရက်အသင်း၏ သမိုင်းသည် သူ့ကိုယ်ပိုင်သမိုင်း။

အများပြည်သူတို့၏ စစ်တပ်ကို ဘိုနာပတ်၏ ဒီဇင်ဘာ (၁ဝ) ရက်တပ်ဖွဲ့အတွင်း ရောနှောမွှေနှောက် မဖွဲ့မီ အချိန်အထိ ဒီဇင်ဘာ (၁ဝ) ရက်တပ်ဖွဲ့သည် ဘိုနာပတ်၏ ကိုယ်ပိုင်တပ်ဖွဲ့အဖြစ် ရှိနေခဲ့သည်။ သူ့တပ်ကို ရှန်ပိန်အရက်၊ ကြက်သား၊ ငှက်သား၊ ဆေးလိပ် စသည်တို့နှင့် မွေးမြူတည်ဆောက်လာခဲ့ရသည်။

ဘိုနာပတ် ဘာ့ကြောင့် ငွေများများ လိုအပ်နေရသလဲ ဆိုတာ၏ အဖြေကတော့ ဒါပါပဲ။ သည်အချက်ပါပဲ။ ဒီတပ်ဖွဲ့၏ ကုန်ကျစရိတ်အတွက် အမျိုးသားလွှတ်တော်ထံက သူတောင်းခံရရှိသော ငွေများကို အသုံးပြုခဲ့သည်။ သို့ရာတွင် ဒီငွေကိစ္စနှင့် ပတ်သက်၍ သူ့မှာလည်း ပြန်လည်အခြိမ်းခြောက်ခံနေရသည်။ သူ့ကို ခြိမ်းခြောက် နေသူကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။ (ယခုအချိန် ဒီ ဥပဒေ၏ နောက်ကွယ်မှာ ရှိနေသူများက ပါလီမန်ဂိုဏ်းသားများ။)

သမ္မတရာထူး ရယူထားသည့် လူဝီဘိုနာပတ်သည် ဘုရင့်အာဏာရထားသူအတိုင်းပါ။ အမျိုးသားလွှတ်တော်နှင့် ကင်းလွတ်စွာ သူ့ဘာသာ ဝန်ကြီးတွေကို ခန့်နိုင်သည်။ ဖြုတ်နိုင်သည်။ အမြင့်ဆုံးအာဏာကို သူ့လက်ထဲမှာ ကိုင် ထားပြီး ပြင်သစ်ပြည်က တပ်သား တသန်းခွဲနှင့် အရာရှိအပါအဝင် အမှုထမ်းငါးသိန်းတို့၏ ရာထူးနေရာများနှင့် ပတ်သက်၍ သြူဖုတ်လိုဖြုတ်၊ သူခန့်လိုခန့်၊ သူထင် သလို လုပ်လို့ရနေသည်။ တဦးချင်း ရာဇဝတ်မှုတွေကို သူက သနားရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် သည်။

သို့ရာတွင် သူ့ကို ဖြုတ်ချနိုင်သူက တဦးတည်း။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုတည်းသာ။ ဒီအခြေခံဥပဒေ က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ မဟုတ်။ သနားညှာတာနေမှာ မဟုတ်။ အခြေခံဥပဒေ ပုဒ်မ (၄၅) အရ အချိန်တန်လျှင် သူ အာဏာ ဆင်းပေးရလိမ့်မည်။ သမ္မတ (၂) ကြိမ် ဆက်မလုပ်ရဘူးဆိုသည့်အချက်လည်း ပါနေတော့ သူ့အနေဖြင့် နောက်ထပ် ဘယ်လိုမှ သမ္မတ မဖြစ်နုင်တော့။

ဒီ ပုဒ်မ (၄၅) ဆိုတာကြီးသည် နေ့စဉ်နှင့်အမျှ သူ့မျက်လုံးထဲမှာ ပေါ်လာနေသည်။ မျက်လုံးထဲကသာ ဒီ ဥပ ဒေကြီးကို မြင်နေတာ မဟုတ်။ ရင်ထဲကပါ မြင်နေရသည်။ ဒီ ဥပဒေပုဒ်မကြီးက သရော်လှောင်ပြောင်သည့် အပြုံးနှင့် သူ့ကို ကြည့်ပြီး လက်ညှိုးထိုးလိုက်၊ လက်ညှိုးထောင်လိုက်နှင့် နေ့စဉ်နှင့်အမျှ သူ့ကို ခနဲ့တဲ့တဲ့ ပြောနေ သည့် စကားတွေကတော့ æ

“အကိုကြီး...ခင်ဗျားကတော့ သေရတော့မှာပဲ။ ခင်ဗျားရဲ့အာဏာဟာ ချစ်ခင်မြတ်နိုးစရာကောင်းလှတဲ့ မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့ရောက်ရင် ကုန်ဆုံးရတော့မယ်။ ခင်ဗျား အရွေးခံခဲ့ရပြီး (၄) နှစ် သက်တမ်း ပြည့်တဲ့ နေ့မှာ ခင်ဗျားရဲ့ မြင့်မြတ်လှတဲ့ ဂုဏ်ကျက်သရေတွေ ဆိုတာဟာလည်း နိဂုံးကမ္ပတ် အဆုံးသတ်ရတော့မယ်။ ကောင်းချီး မင်္ဂလာတေးဟာ နှစ်ကျော၊့ နှစ်ခါပြန်ပြီး သီဆိုတီး မှုတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ခင်ဗျားမှာ အကြွေးတွေ ရှိနေ တယ်ဆိုရင်တော့ ဘယ်လောက်များ များနေပြီလဲဆိုတာ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ပြန်ကြည့်ထားလိုက်ပေရော့။ ဖွဲ့စည်းအုပ်ချုပ်ပုံက အာမခံနိုင်တဲ့ ဖရန့်ငွေ (၆) သိန်းနဲ့ ပြန်ဆပ်လိုက်ပေါ့။ အဲဒီ အကြွေးတွေသာ ပြန်မဆပ်နိုင် ဘူးဆိုရင်တော့ ချစ်စရာကောင်းလှတဲ့ မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့မှာ ခင်ဗျားတယောက်တော့ ဖြင့် ဒုက္ခလှလှ ကြီး တွေ့ရတော့မှာ ဧကံမုချပဲဗျို့။”

ဘိုနာပတ်အနေနဲ့ ဒီအဖြစ်မျိုး အရောက်ခံနိုင်မတဲ့လား။

(၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖျက်ဆီးခံလိုက်ရခြင်းသည် ခေါင်းတ လုံး တည်းကြောင့် မဟုတ်ပေ။ ဦးထုပ်တလုံးနှင့် ထိခိုက်မိ၍သာ ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ဒီဦးထုပ်သည် (သေချာပါတယ်) ထောင့် ၃ ထောင့်ပါရှိသည့် နပိုလီယံ၏ ဦးထုပ်ပါ။

• • •

သူ့အာဏာကို ကာကွယ်ရေးနှင့် သူ့အာဏာကို ဆက်လက်စိုက်ထူရေးတို့အတွက် ဘိုနာပတ်သည် လက်နက်ကိုင်အင်အား ကို အသုံးချတတ်သူဖြစ်သည်။ လက်နက်ကိုင်အင်အားကိုလည်း မရ - ရအောင် ရှာဖွေ ထူဆောက်သည်။ လိုအပ်သော ငွေကိုလည်း မရ- ရအောင်ရှာသည်၊ မတရားနည်းဖြင့်လည်း ရှာသည်၊ အခွင့်အ ရေးယူပြီးတော့လည်း ရှာသည်၊

သူက အခြေအနေ အချိန်အခါကိုလည်း သိသည်။ အခြေအနေ အချိန်အခါအလိုက် ပြိုင်ဘက်တွေကို တိုက်ပွဲ ဆင်သည်။

(၁၈၅ဝ) ခုနှစ်၊ မေ (၃၁) ရက်နေ့နှင့် (၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တို့၏ ကြားကာလသည် ပါလီမန် သမားများနှင့် ဘိုနာပတ်တို့ တိုက်ပွဲဆင်ခဲ့ကြသော ကာလဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီကာလအတွင်း ပါလီမန် သည် စစ်တပ်ကို အမိန့်ပေးနိုင်သည့် အာဏာ ဆုံးရှုံးသွားခဲ့ရသည်။

(၁၈၅၁) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှစပြီး ဧပြီလ (၁၁) ရက်နေ့အတွင်း စီမံအုပ်ချုပ်မှုအာဏာ ပြန်လည် ရယူနိုင်ဖို့ ကြိုးပမ်းရာတွင် ပါလီမန်၏အခြေအနေသည် ပိုဆိုးလာခဲ့ရသည်။ (Party of Order) ပါတီသည် ပါလီမန်အတွင်း အမတ်နေရာ အများစုကို လက်လွှတ်လိုက်ရသည်။ ထို့ကြောင့် သူက သမ္မတစနစ် လိုလား သူများ၊ ပါလီမန်အတွင်းရှိ သမ္မတစနစ် ဝါဒီများနှင့် ပူးပေါင်းလိုက်သည်။ ( ၁၈၅၁) ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှ အောက်တိုဘာလ (၉) ရက်နေ့အတွင်းတွင် သူက ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစား သည်။

သို့ရာတွင် ကွဲပြားခြားနားသော လူတန်းစားအသီးသီးသည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို သူ့လူတန်းစား၏ အကျိုး စီးပ္နွားထောင့်ကသာ သူ ကြည့်လေသည်၊ ဘိုနာပတ်သည်လည်း သူ့အကျိုးစီးပွားထောင့်က သူ ကြည့်ခြင်း ဖြစ် သည်။ သို့အတွက် အမြင်ချင်း မတူညီနိုင်ကြ။ ဤသို့ ကိုယ့်တွက်ကိန်းနှင့်ကိုယ် ဖြစ်နေခဲ့ကြသည့်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ ပြန်လည်အသက်သွင်းရေးကို တညီတညွတ်တည်း ထောက်ခံခြင်း မပြုနိုင်ကြ။ နောက်ဆုံးတွင် (Party of Order) ပါတီသည်လည်း သူ့အစုနှင့်သူ အစုလိုက် ကွဲထွက်သွားခဲ့သည်။

အောက်တိုဘာလ (၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အတွင်း ပါလီမန်သည် သေဆုံးနေပြီဖြစ်သော သူ၏ ဥပဒေကို ကျားသေအသက်သွင်းသလို အသက်သွင်းဖို့ ကြိုးစားရင်းက သူကိုယ်တိုင် အသက်ငင်သွားသည့်ဘဝ ဆိုက်ရောက်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လူတန်းစား၊ စစ်တပ်နှင့်ကျန်လူတန်းစား အားလုံးတို့၏ ပစ်ပယ်မှုကို ခံရပြီး ဒုက္ခရောက် ကျန်ရစ်သည်။ ပါလီမန်အုပ်ချုပ်ရေးနှင့် ဓနရှင်လူတန်းစား၏ အုပ်စိုးမှု ကျဆုံးသွားရသည်။ အောင်ပွဲ ခံ လိုက်သူက ဘိုနာပတ်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဘိုနာပတ်က မိန့်ခွန်းတရပ် ပြောကြားသည်။

“ပြင်သစ်သမ္မတ နိုင်ငံတော်ဟာ တဖက်က နိုင်ငံရေး ဆူပူလှုံ့ဆော်အမြတ်ထုတ်သူများကြောင့်ရယ်၊ အခြားတ ဖက်က ဘုရင်မင်းဆက်ကို စိတ်ကူးယဉ်နေသူ များကြောင့်ရယ် .... ဒါတွေကြောင့် အဆက်မပြတ် မတည်မငြိမ် ဖြစ်ခဲ့ရတယ်။ အဲသလို မတည်မငြိမ်ဖြစ်နေမယ့်အစား သူ့ရဲ့ တကယ့်အကျိုးစီးပွားတွေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပ ဒေပြုပြင်ရေးကို လုပ်ဆောင်ခဲ့ရင် ဘယ်လောက်များ ကောင်းလိုက် လေမလဲလို့ ကျွန်တော်စဉ်းစားမိတယ်။ မင်း ဆက်ဘုရင်စနစ်ကို စိတ်ကူးယဉ် မျှော်လင့်နေကြသူ အားလုံးဟာ တိုးတက်မှုအားလုံးကို လျစ်လျူရှု ထားကြတာ ပဲ။ စက်မှုလုပ်ငန်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအသီးသီးကို မမြင်ချင်ယောင်ဆောင်နေကြတာပဲ။ အဲဒီတော့ တိုးတကမှုမရဘဲ တိုက်ပွဲတွေသာ ဖြစ်ပေါ်ခဲ့ရတယ်။ ဒါကလွဲလို့ တခြားဘာဆိုဘာမှ ဖြစ်မလာခဲ့ဘူး။ ဘုရင်ရဲ့ နန်းဆက်အုပ်စိုးမှုနဲ့ အဲဒီအာဏာကို အတက်ကြွဆုံးထောက်ခံသူများဟာ ညီလာခံရဲ့ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြ တယ်။ သူတို့က အထွေထွေရွေးကောက်ပွဲကနေ ပေါ်ထွက်လာခဲ့တဲ့ အာဏာကို အားနည်းအောင်သာ လုပ်ခဲ့ကြ တယ်။ ကျွန်တော့်အနေနဲ့ကတော့ အနာဂတ်တည်ငြိမ်ရေးကို အာမခံကြောင်း ဒီနေရာကနေ ကတိပေး လိုက်ပါရ စေ။” .... စသဖြင့် သူ့မိန့်ခွန်းမှာပါရှိခဲ့သည်။ လက်ခုပ်သံများသည် မိုးခြိမ်းသံကဲ့သို့.... မုန်တိုင်း၏ခြေသံများ ကဲ့သို့ ပေါ်ထွက် လာသည်။

ဘိုနာပတ်သည် တည်ငြိမ်ရေးကို အငမ်းမရ လိုလားနေကြသော ဓနရှင်လူတန်းစား၏ ဆန္ဒကို နားလည်ခဲ့သည်။ စက်မှုလုပ်ငန်း၏ ဆက်လက်ကြီးထွားတိုးတက်နေသော ဖြစ်စဉ်ကို သူ သဘောပေါက်သည်။ ဒီအချက်တွေကို ဆုပ်ကိုင်ပြီး ပြောဆိုလိုက်သည့် သူ့မိန့်ခွန်းသည် ထိရောက်သွားခဲ့သည်။ ဤသို့နှင့် စက်မှုအရင်းရှင်များသည် သူတို့ကိုယ်တိုင်၏ ကျဆုံးမှုအတွက် လက်ခုပ်သြဘာပင် ပေးလိုက်ကြရသေးသည်၊ ပါလီမန်စနစ် ကျဆုံးခန်းအ တွက် လက်ခုပ်တီးပေးခဲ့ကြသည်၊ ဘိုနာပတ်၏ အာဏာရှင်စနစ် အတွက်... နောက်ပြီး (၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့ ဘိုနာပတ်အာဏာသိမ်းပွဲအတွက် ညံမစဲအောင် လက်ခုပ်သြဘာသံတွေ ချီးမြှင့်နေ ကြတာပါက လား။

အတိတ်ကာလတွေတုန်းက ပါလီမန်ကို အာဏာသိမ်းမှု ပြုလုပ်ခဲ့ကြပုံနှင့် လူဝီဘိုနာပတ်၏ အာဏာသိမ်းပွဲတို့ကို နှိုင်းယှဉ် ကြည့်ပါက အောက်ပါအတိုင်း တွေ့ရလိမ့်မည်။

ကရွန်းဝဲလ်က ပါလီမန်ကို အာဏာသိမ်းသည့်အခါ....

ပါလီမန်လွှတ်တော်ထဲသို့ သူ တယောက်တည်း ဝင်သွားခဲ့သည်၊ ပါလီမန်ထဲရောက်တော့ သူက သူ့အိတ်ဆောင် နာရီကို ဆွဲထုတ်လိုက်သည်။ သူ သတ်မှတ်ပေးထားသည့် အချိန်ထက် တမိနစ်လောက် ပိုပြီးတော့တောင် ပါလီမန်ကို တည်ရှိခွင့် မပြုနိုင်ဘူး ဆိုသည့်သဘောမျိုး။ ဟာသလုပ်လိုက် သရော်လှောင်ပြောင်လိုက်နှင့် ပါလီမန် အဖွဲ့ဝင်တွေ တယောက်ချင်းစီကို လွှတ်တော်ထဲမှ မောင်းထုတ်လိုက်သည်။

သူ့ထက်ပိုပြီး ကိုယ်လုံးကိုယ်ထည်သေးငယ်သည့် ပထမ နပိုလီယံ အာဏာသိမ်းစဉ်အခါတုန်းကတော့æ

ပြင်သစ်ပြည် တော်လှန်ရေးပြက္ခဒိန်၏ ဒုတိယမြောက်လ တစ်ဆယ့်ရှစ်ရက်မြောက်နေ့တွင် ဥပဒေပြုအဖွဲ့ တည်ရှိ နေသည့် နေရာဆီသို့ သူကိုယ်တိုင်ဝင်သွားသည်။ ဥပဒေပြုအဖွဲ့၏သေမိန့်ကို သူက တုန်ခါနေသည့်လေသံဖြင့် ဖတ်ကြားသွားခဲ့သည်၊ [ုပြင်သစ်ပြည် တော်လှန်ရေးပြက္ခဒိန်ဆိုသည်မှာ--- ပြင်သစ်၏ပထမဆုံးသော သမ္မတနိုင် ငံ စတင်ထူထောင်သည့်နေ့(၁၇၉၂ ခုနှစ်၊ စက်တင်ဘာ (၂၂) ရက်နေ့) က စတင်ရေတွက်သည့် တော်လှန်ရေး ပြက္ခဒိန်ပါ၊ ၎င်းပြက္ခဒိန်သည် (၁၈ဝ၄) ခုနှစ်တွင် အဆုံးသတ် သွားခဲ့ရသည်။ ပထမနပိုလီယံဟုခေါ်သည့် ဗိုလ် ချုပ်ကြီး နပိုလီယံဘိုနာပတ်သည် (၁၇၉၉) ခုနှစ်၊ နိုဝင်ဘာ (၉) ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ ဒါရိုက်တာ (၅) ဦးအဖွဲ့ထံမှ အာဏာသိမ်းယူပြီး “ကောင်ဆယ်” အုပ်ချုပ်ရေးကို သူက ထူထောင်ခဲ့သည်။ သူ အာဏာ သိမ်းယူခဲ့သော (၁၇၉၉) ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့သည် တော်လှန်ရေးပြက္ခဒိန်အရဆိုလျှင် ဒုတိယမြောက် လ တစ်ဆယ့်ရှစ်ရက် မြောက်နေ့ ဖြစ်ပါသည်။]

လူဝီဘိုနာပတ်၏အာဏာသိမ်းပွဲကတော့ ....

ပထမနပိုလီယံ၏ အာဏာသိမ်းပွဲနှင့်လည်း မတူ။ ကရွန်းဝဲလ်၏ အာဏာသိမ်းပွဲနှင့်လည်း မတူပါ။

လူဝီဘိုနာပတ်သည် အာဏာရယူရေးနည်းလမ်းများထဲမှ သူ့စံနမူနာပြုရမည့်သူကို သမိုင်းနှစ်ချုပ် စာအုပ်တွေ ထဲမှာ သူမရှာ။ ဒီဇင်ဘာ (၁ဝ) ရက်အသင်း၏ နှစ်ချုပ်များထဲမှာသာ သူ ရှာခဲ့သည်၊ ရာဇဝတ်မှုစစ်ဆေးသည့် တရားရုံးတော်တွေထဲမှာသာ သူ ရှာခဲ့သည်။

သူသည် ပြင်သစ်ဘဏ်မှနေ၍ ဖရန့်ငွေ (၂၅) သန်း လုယက်ယူငင်ခဲ့သည်။ှ ဗိုလ်ချုပ်မဂ္ဂနန် (Magnan) ကို ဝယ် ယူခဲ့ရတာက တသန်း။ စစ်သားတဦးစီအတွက် (၁၅) ဖရန့်စီ နှင့် အရက်သေစာများ .... ။ သူသည် သူ၏မိုက် ဖော်ဆိုးဖက်များနှင့် အတူ ညကြီးမင်းကြီး အချိန်အခါမျိုးတွင် သူခိုးတယောက်၏လှုပ်ရှားပုံမျိုးဖြင့် လျှို့ဝှက်စွာ သူ့လုပ်ငန်းကို စတင်ခဲ့သည်။ ပါလီမန် ခေါင်းဆောင်များ ဖြစ်ကြသည့် (Cavaignac, Changarnie, Thiers) တို့ စတဲ့စတဲ့....သူတို့၏အိမ်တွေကို ဝင်ပြီး သူတို့ကို အိပ်ရာတွေပေါ်ကနေ တရွတ်ဆွဲကာ ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။ (နောက်ပိုင်းတွင် ၎င်းတို့ ကို အကျဉ်းထောင်အသီးသီးသို့ လူစုခွဲ ပို့ဆောင်လိုက်သည်။)

(Party of Order) ပါတီ၏ ဇာတ်သိမ်းခန်းကားရုတ်ရုတ်သဲသဲ။

ဘိုနာပတ်၏တပ်တွေကလည်း မဲမဲလှုပ်လှုပ်။

ပဲရစ်မြို့ရှိ ပါလီမန်အဆောက်အအုံ၏ အဓိကကျသည့် နေရာတွေနှင့် လမ်းတွေမှာ စစ်သားတွေနှင့် တင်းကျမ်း ပြည့်နှက် နေခဲ့သည်။

ဘိုနာပတ်၏ (၁၈၅၁) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့-အာဏာသိမ်းပွဲကို လူဝီဘိုနာပတ်၏ ဘရူမေးလ် (ဒုတိယမြောက်လ) တစ်ဆယ့်ရှစ်ရက်နေ့ အရေးအခင်း ဟူ၍ ကားလ်မာ့က်စ်က တင်စားခေါ်ဝေါ်ခဲ့၏။

ပထမနပိုလီယံက စစ်တပ်ဖြင့် ဒါရိုက်တာ (၅) ဦး အုပ်ချုပ်ရေးအဖွဲ့ကို အာဏာသိမ်းခဲ့သည်မှာ ပြင်သစ် တော်လှန် ရေး ပြက္ခဒိန်၏ ဒုတိယမြောက်လ တစ်ဆယ့်ရှစ်ရက်နေ့မှာပါ။ သူ၏‘တူ’ဖြစ်သူ လူဝီဘိုနာပတ်သည်လည်း ဦးလေးဖြစ်သူ နပိုလီယံ၏ ဒုတိယမြောက်လ တစ်ဆယ့်ရှစ်ရက်နေ့ အာဏာသိမ်းပွဲလမ်းကြောင်းအတိုင်း လိုက်ပါ လျှောက်လှမ်းခဲ့သည် မဟုတ်ပါလား။


အရှေ့မိုးကောင်းကင်ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment