ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း
၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်
အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂
အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊
၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။
၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက် ကုန်ကျစရိတ်ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်ပြီး နောက်တစ်ကြိမ်တောင်းဆိုလလျှင်လည်း နေထိုင်ခွင့်ဗီဇာဘတ် ၅၀၀ထပ်မံကုန်ကျမည် ဖြစ်သည်။
၁-၃) ကျန်းမာရေးဝန်ကြီးဌာနမှ( ၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အထိ သက်တမ်းတိုးပေးခြင်းခံရသော မြန်မာ၊ လော၊ ကမ်ပူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ပေးခြင်း များကိုဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ခကို ကျန်းမာရေးဌာနမှသတ်မှတ်သည့်အတိုင်းပေးဆောင်ရမည်။
၁-၄) အလုပ်သမားရှာဖွေရေးဌာနမှ မြန်မာ၊ လော၊ ကမ်ပူးချားရွှေ့ပြောင်းအလုပ်သမားများအား(၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အလုပ်ခွင့်ကို အချိန်တိုးပေးရမည်။ ရွှေ့ပြောင်းအလုပ်သမားများမှ ပြဌာန်းချက်အတိုင်း အလုပ်လက်မှတ်ခကိုပေးဆောင်ရမည်။ ထိုအချိန် အတိုင်းအတာအတွင်းရွှေ့ပြောင်းအလုပ်သမားသည် နိုင်ငံသားစိစစ်ခြင်းကိုအပြီးလုပ်ဆောင်သွားရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်မှုအောင်မြင်ပြီးသည့်အလုပ်သမား သည် သတ်မှတ်ထားသည့် ကုန်ကျစရိတ်များ ပေးဆောင်အလုပ်လုပ်ခွင့်အသစ်ကို ထပ်မံတောင်းဆိုရမည် ဖြစ်သည်။ အလုပ်လုပ်ခွင့် ထပ်နေချိန်အတွက်ကောက်ခံရန်မလို။
၁-၅) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်မှုခံယူပြီးသည့် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေးစနစ်သို့ဝင် ရောက်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။
၁-၆) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရတင်းကြပ်စွာအရေးယူသွားရမည်။
ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှ အလုပ်သမားများနိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။
၂) (၂၆-၄-၂၀၁၁) နေ့ဝန်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ (၁၄-၆-၂၀၁၂)ရကနေ့အထိ နိုင်ငံတွင်းခေတ္တနေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်ရထားသော ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ ဌာနများမှ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၂-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်း ခေတ္တ နေထိုင်ခွင့်ပေးထားခြင်းနှင့် ဆိုင်ရာအချက် ၁ နှင့် ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိ ပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှု လုပ်ဆောင်နေစဉ် ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ - ၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချားအလုပ်သမားများအား နိုင်ငံသားစိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့်အားပြုသည့် ကြေညာချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂(၃)အရ နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) ) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက်မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာလုပ်ကိုင်ခွင့်ပြုသည်။
၂-၂) နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာနအား နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများ ယာယီပတ်စပို့စ်(သို့) (Certificate of Identity)အသုံးပြုနေထိုင်ခွင့်ဗီဇာ (Non-Immigrant-LA) ခေတ္တနေထိုင်ခွင့်တံဆိပ်တုံး ထုတ်ပေးစေပြီး ၂ နှစ်ထက် မပိုသည့် နေထိုင်ခွင့် ပေး၍ နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
၂-၃)နိုင်ငံသားစိစစ်ပြီးသည့် မြန်မာ၊ လော၊ ကမ်ဖူးချားရွှေ့ပြောင်းအလုပ်သမားများအား (Non-Immigrant-LA)တံဆိပ်ထုပေးရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ လုံလောက်သည့်ဝန်ထမ်းအင်အားကို ချထားပေးရမည်။ နိုင်ငံတွင်းနေထိုင်ခွင့်နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်အား နိုင်ငံသားစိစစ်ရေးဌာန တည်ရှိသည့်နေရာ(သို့) လူဝင်မှုကြီးကြပ်ရေးဂိတ်များ(သို့) အလုပ်ရှင်မှအလုပ်သမားအား လွယ်ကူစွာ ခေါ်ဆောင်သွားနိုင်သည့် သတ်မှတ်ထားသည့်နေရာများ တွင်ကုန်ကျစရိတ် ဘတ် ၅၀၀ ပေး ဆောင်၍သက်တမ်းတိုးရန်ဆောင်ရွက် နိုင်သည်။ နောက်တစ်ကြိမ်နေထိုင်ခွင့်တောင်းခံရာတွင်လည်း ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်သည်။
၂-၄)ကျန်းမာရေးဌာနမှ နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးသူ မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းအလုပ်သမားများ အား ကျန်းမာရေးစစ်ဆေးပေးရမည်။
၂-၅) နိုင်ငံသားစိစစ်ပြီး (Non-Immigrant-LA) နှင့်နိုင်ငံတွင်းနေထိုင်ခွင့်တံဆိပ်ရရှိပြီးသရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ရှာဖွေရေးဌာနမှ ဥပဒေအရ သတ်မှတ်ထားသည့် ကုန်ကျစရိတ်များအတိုင်း ကောက်ခံ၍အလုပ် သမားမှတ်ပုံတင်ခြင်း ကိုဆောင်ရွက်သွားရမည်။
၂-၆) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်ပြီးအလုပ်သမားများအား လူမှုဖူလုံရေးအာမခံစနစ်သို့ဝင်ရောက်နိုင် ရန်စိစဉ်ဆောင်ရွက်ပေးရမည်။
၂-၇) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရ တင်းကြပ်စွာအရေးယူသွားရမည်။
ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှအလုပ်သမားများ နိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။
၃) - နိုင်ငံသားစိစစ်ရေးပြုလုပ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းလုပ်သမားများနှင့် (MOU) နှစ်နိုင်ငံနားလည်မှုစာချုပ်ဖြင့် တရားဝင်တင်သွင်းလာသော မြန်မာ၊ လော၊ ကမ်ပူးချား ရွှေ့ပြောင်းအလုပ် သမား များကုန်ကျစရိတ်သာမန်အားဖြင့် ဘတ် ၂၀၀၀(သို့) ဘတ် ၅၀၀ ပေးဆောင်ပြီး နိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်နိုင်ရန် ဘတ် ၅၀၀ ထပ်မံပေးဆောင်ရန်အတွက် (၄)နှစ်တာ အချိန်သတ်မှတ်ရမည်။ ၀န်ကြီးဌာနစည်းမျည်းထုတ်ပြန်ကြေညာပြီး အတည်ပြုသည့်နောက်မှစ၍ သက်ဆိုင်သည့်ဌာနများမှအောက်ပါ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၃-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ နေထိုင်ခွင့်ပြုချက်အတွက်ကုန်ကျစရိတ် ဘတ် ၅၀၀ ကောက်ယူခြင်းအားခေတ္တ နေထိုင်သူများအတွက်ဖြစ်ပြီးနောက်ထက်တကြိမ်ထပ်မံ၍ ဘတ် ၅၀၀ ပေးဆောင်၍၀န်ကြီးဌာနကြေညာချက် ထုတ်ပြန်ပြီးနောက် ၄ နှစ် နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
၃-၂)လူဝင်မှုကြီးကြပ်ရေးဌာနမှ အောက်ပါတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
၃-၂-၁) နှစ်နိုင်ငံနားလည်မှု စာချုပ်(MOU) ဖြင့် တရားဝင်ဝင်ရောက်သူ အလုပ်သမားများ သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ်ထပ် နေခွင့်ရှိသည်။
၃-၂-၂) နိုင်ငံသားစိစစ်ပြီးရွှေ့ပြောင်း အလုပ်သမားများသည်လည်း အထက်ပါအတိုင်း သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ် ထပ်နေခွင့်ရှိသည်။
၎-(၂၀၀၈)ခု နိုင်ငံခြားသားအလုပ်သမား ဥပဒေအရ ကောက်ခံမည့် နေရပ် ပြန်လည်ပို့ဆောင်စရိတ် ရံပုံငွေ ကောက်ခံခြင်းကို နောက်တစ်နှစ်သို့ရွှေ့ဆိုင်းလိုက်သည်။ ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် ချပြီးနောက် အလုပ်ရှာဖွေရေးဌာနမှ စည်းမျည်းထုတ်ပြန်၍ သက်ဆိုင်ရာဌာနများ ဆက်လက်ဆောင်ရွက် သွားရမည်။ ၀န်ကြီးချုပ်အထွေထွေအတွင်းရေးမှူးရုံး အတည်ပြုချက်ကိုစောင့်ဆိုင်းရန်မလိုပါ။
http://www.thaigov.go.th
အီးမေးလ်းမှ ၀င်ရောက်လာသည်ကို မူရင်းအတိုင်း ထပ်မံဖော်ပြလိုက်ပါသည်။
(မြန်မာအလုပ်သမားများကွန်ယက်)
မဲဆောက်မြန်မာရွေ့ပြောင်းအလုပ်သမားများ ရှေ့ဆက်နေထိုင်ရန်အခက်အခဲဖြစ်
မြ၀တီတံတား ပြန်လည်းဖွင့်လှစ်သော်လည်း အရောင်းအ၀ယ်မကောင်းခြင်း၊ ဘန်ကောက်ရေကြီးသဖြင့် စီးပွားရေးထိခိုက်နေချိန်တွင် မဲဆောက်ဒေသရှိ မြန်မာများမှာ နေစဉ် စားရေးသောက်ရေပင် အဆင်မပြေဘဲ ဖြစ်နေရာ အနိမ့်ဆုံး ဘတ် (၅၀၀၀) ကုန်ကျမည့် ပတ်စပို့ လုပ်ဆောင်နိုင်ခြင်း မရှိဟု ပြောနေကြပါတယ်။ (၂) လပိုင်း အကုန် သက်တမ်းတိုးကြသည့်အခါတွင် လူ နည်းမည် ဖြစ်ကြောင်း မြန်မာပြည်သားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
(၅၀၀၀) ဘတ်အကုန်ကျခံ ပတ်စပို့ လုပ်ဆောင်ပြီးသော်လည်း အဆိုပါပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့် ရှိမည် မဟုတ်သေးပါ။ အလုပ်လုပ်ရန်အတွက် အလုပ်သမားလက်မှတ် ဆက်လက်လျှောက်ထားရမည်သာ ဖြစ်ပါတယ်။ အလုပ်သမားလက်မှတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဆေးရုံသွေးစစ်ခ (၁၉၀၀) ဘတ် နှင့် အလုပ်သမားလက်မှတ် (၁၀၀၀) တို့ကိုလည်း အလုပ်သမားတို့က မိမိဖာသာ စိုက်ထုတ်အကုန်အကျခံရဦးမှာ ဖြစ်ပါတယ်။
အလုပ်သမားလက်မှတ် မပြုလုပ်ဘဲ ပတ်စပို့ဖြင့်လည်း နေထိုင်၍ မရကြောင်းလည်း သိရပါတယ်။
မြ၀တီမြို့မှ ၀န်ထမ်းတချို့ပေါ်ပေါ်တင်တင်တောင်းစားနေ
မြ၀တီမှာဝန်ထမ်းအရာရှိတွေရဲ့တရားဝင်ပေါ်ပေါ်တင်တင် တောင်းစားနေကြတဲ့အဖြစ်တွေ မြ၀တီမြို့က လက်လုပ်လက်စားပြည်သူများရဲ့အခက်အခဲကိုအများသိအောင်တင်ပြပေးစေချင်ပါတယ်။
အဒေါ်တို့မြ၀တီမှာ မဲဆောက်ဘက်ကိုသွားလုပ်စားဘို့အတွက် အဆင်ပြေအောင်တဲ့တစ်နှစ်စာ Boder Pass ဆိုတဲ့စာအုပ်တွေလုပ်ပေးပါတယ်။ မည်သူမဆို သန်းခေါင်စာရင်း ရှိတာနဲ့ဓါတ်ပုံ(၃)ပုံပေးပြီးလုပ်လို့ရတယ်။ အရင်ကတော့ စာအုပ်တစ်အုပ်ကို ၆၅၀၀ ကျပ် မှ ၈၀၀၀ ကျပ် အထိပေးရတယ်။ ခုကစီမံချက်ဆိုပြီး စာအုပ်ဖိုး ၅၀၀ ကျပ်ဘဲပေးရတယ်။ အပိုမပေးရဘူးတဲ့ အစပါ ။
ခု လက်ထောက်ဦးစီမှူးရှိန်ဝင်း ကဦးဆောင်ပြီး အဓမ္မတောင်းရမ်းမှုတွေလုပ်လာပါပြီ။ မပေးနိုင်တဲ့သူတွေကို မပေးချင်တာလို့ဘဲသဘောထားပြီး ဆောင်ရွက်မပေးပါဘူး ရစ်ပါတယ်။
Sky Net လုပ်တဲ့သူဆိုရင် အဲဒီရှိန်ဝင်းအိမ်မှာ တစ်လုံးအလကားသွားတပ်ပေးရတယ်။ နောက်တစ်ယောက်က CDMA တစ်လုံးပေးရတယ်။ နောက်အဒေါ်တို့အိမ်ကျတော့ ၅ ယောက်စာဆိုတော့ သူအိမ်မှာ ကျောင်အိမ် မရှိလို့ ကျောင်အိမ် တစ်လုံးလာပို့ပေးရမယ်တဲ့ကွယ်၊ အဒေါ့် မိတ်ဆွေတယောက်ဆို သူ့တစ်ယောက်စာသွားလုပ်တာ ရုံးအတွက် ခုံတစ်လုံးဝယ်ခိုင်းတယ်တဲ့ ။ သူက မ၀ယ်ပေးနိုင်သေးဘူးလို့ပြောတော့ စာအုပ်ထုတ်မပေးသေးဘူးတဲ့ကွယ်။ ခုအခြေအနေတော်တော်ဆိုးနေပါပြီ၊ မြ၀တီမှာနေတဲ့လူတိုင်းဒီစာအုပ်ကိုလုပ်ကြရမှာပါ၊ ဘယ်လိုလုပ်ကြမလဲကွယ်။ အဲဒါဆရာတို့ကနေပြီး ဒီမိုကရေစီအစိုးရ ရဲ့အရာရှိတွေ တရားဝင်တောင်းရမ်း စားသောက်နေကြတာကို အများပြည်သူတွေသိအောင် တင်ပြပေးဖို့တောင်းပန်ပါတယ်၊ သူတို့ပြောတော့ပြည်သူတွေအဆင်ပြေအောင်ဆို ခုတော့အရင်အကျင့်အတိုင်းပါဘဲကွယ် ။ ဟိုဘက်ကမ်းနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမို့တောင်းတယ်ဆိုတော်သေးတာပေါ့။
စာအုပ်ပုံစံတွေ ပို့ပေးလိုက်ပါတယ်
မြန်မာပြည်သားများကိုယ်စား ကျေးဇူးတင်ပါတယ်။
မြ၀တီမြို့မှ ဒေသခံတဦးပေးပို့လာသည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။
မြ၀တီမှာ အဓမ္မ ငွေတောင်းသူများကို အရေးယူပြီ
![]() |
| မြ၀တီဘက်ပြန်မပို့မီ မဲဆောက်ရှိ ထိုင်း လ၀က ရုံးတွင် မြန်မာ အလုပ်သမားများ စစ်ဆေးမှု ခံယူနေစဉ်(ဓာတ်ပုံ - ဧရာဝတီ) |
မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း
(ရယောက်ဝန်းကျင်)မှ ထိုင်းနို်င်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းကရင် လူမျိုး ဆရာတော်ကြီးထက် ၀ါတော်များစွာငယ်သည့် ကိုယ်တော်တပါး
အား ကျောင်းထိုင်တင်ရန် ကြိုးစားခဲ့ကြသည် ။ ၄င်းကိစ္စနှင့် ပတ်သတ်၍ ၂၅-၁၀-၂၀၁၁ တွင် မဲဆောက်ရှိထိုင်းအာဏာပိုင်များ သံဃာ့
နာယက ဆရာတော် ကြီးများ မှ လာရောက်ဖြေရှင်းပေးခဲ့ကြပါသည် ။
ဆုံးဖြတ်ချက်မှာ - မူလကျောင်ထိုင်ဆရာတော်ကြီးဘဒ္ဒန္တ
ဝိုင်းထားကြသည် ။ဆရာတော်မှ ၀ရန်းမပါသည့်အတွက် အဖမ်းမခံပဲ ကျောင်းပေါ်တွင်ပင် သီတင်းသုံးလျှက်ရှိနေသည် ဆရာတော်အတွက်စိုးရိမ်သော ဒကာဒကာမများ ၅၀ ၀န်းကျင်းဝန်းရံ လာသဖြင့် ရဲများ ပြန်သွားကြသည်။ထိုညတွင်ပင် ၂း၀၀၀န်းကျင်၌ သတင်းအယ်ဒီတာ စစ်စမ် ဦးဆောင်၍ ဆရာတော် ကောင်းမွန်စွာ မကျိမ်းနိုင်ရန် အနှောက်အယှက်မျိုးစုံပြုခြဲ့
အား မြန်မာနိုင်ငံသား ဘုန်းကြီးဖြစ်သည်ကို အကြောင်းပြု၍ တောရကျောင်းထိုင်အဖြစ်မှ ၄င်းတောရကျောင်းမှ လည်းကောင်း မောင်းထုတ်နိုင်ရန် ဥပဒေအားဖြင့်တနည်း ခြိမ်းခြောက်သောအားဖြင့်တနည်း ကြိုးစား အားထုတ်နေသည်မှာ ဗုဒ္ဓဘာသာဝင် တို့ အဖို့ အရှက်ရဖွယ် ကိစ္စဖြစ်သလို ထိုင်းမြန်မာဗုဒ္ဓသာသနာ အတွက် လည်း ဂုဏ်သိက္ခါငြိုးနွမ်းစေသည့်ဖြစ်ရပ်ဖြစ်သည်။
ကလေးကိုဖက်ထားသူ ဟာ စစ်ခ်စမ်း ဖြစ်တယ်။
လက်မှတ်မရှိသည့် မြန်မာအလုပ်သမားများ ရေဘေးလွတ်ရာ သွားခွင့်ရရေး ထိုင်းအစိုးရ စီစဉ်
အလုပ်သမားလက်မှတ်နဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ရေဘေးလွတ်ရာ သွားလာခွင့်ရဖို့အတွက် ထိုင်းအစိုးရက ဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားရေး ၀န်ကြီး ဖဒိန်ချိုင်းက ပြောပါတယ်။

photo-reuters
မြန်မာရေဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘန်ကောက်အနောက်ဘက်က နခွန်ပထုံခရိုင် ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ခုလို ၀န်ဆောင်မှုပေးတာကို ယာယီလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောကြောင်း ၀န်ကြီးနဲ့ ဆွေးနွေးခွင့်ရခဲ့တဲ့ HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ်။
HRDF အဖွဲ့ ပြောခွင့်ရ ဦးစိန်ဌေးက “ဘာလက်မှတ်မှ မရှိတဲ့အလုပ်သမားတွေ ဆိုရင်လည်း အလုပ်သမားဝန်ကြီးဌာန ရေဘေးစခန်းမှာ လာပြီးနေထိုင်ဖို့၊ သူတို့ကနေ သက်ဆိုင်ရာ နိုင်ငံသံမှူးတွေကို ဆက်သွယ်ပြီးတော့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခု ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်။ ခေတ္တနေထိုင်ခွင့် ရလာမယ်ဆိုရင် မြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း လုံခြုံစွာ ပို့ဆောင်ပေးမယ်လို့ အဲလိုမျိုး စီစဉ်ထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ ဖမ်းဆီး ချုပ်နှောင်တာမခံရအောင် ယာယီ စီစဉ်ထားပေးတဲ့ သဘောပဲ” လို့ ပြောပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာရှိသူတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အလုပ်ရှင်တွေကိုလည်း ပြန်ပေးအပ်ဖို့ အလုပ်သမားရေးဝန်ကြီးက အလုပ်ရှင်တွေကို ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ မိမိတို့ရဲ့ သက်တမ်းကုန်ခါနီး ဗီဇာတွေကို နီးစပ်ရာ လ၀ကရုံးတွေမှာ သွားလုပ်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ပြောကြားကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ယာယီလုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူတွေဟာ ရေလွှမ်းမိုးနေတဲ့ခရိုင်တွေကနေ ရှောင်တိမ်းသွားကြတုန်း လမ်းခရီးမှာ မဖမ်းဆီးဖို့ ရဲဌာနတွေကို အကြောင်းကြားထားပြီ်လို့လည်း ထိုင်းအစိုးရ အလုပ်သမားရေးဝန်ကြီးက ပြောကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။
ရေဘေးကျရောက်နေခြင်း မရှိတဲ့ ပုံမှန်အခြေအနေမှာ အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကန့်သတ်နယ်မြေတွေကလွဲပြီး တခြားခရိုင်တွေကို ဖြတ်ကျော်ခွင့် မရှိပါဘူး။
ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေတဲ့ မြန်မာအလုပ်သမားတဦးက မြန်မာတွေ အိမ်ပြန်လမ်း ခရီးတလျှောက် အရေးယူဖမ်းဆီး ခံရတာတွေ၊ ငွေညှစ်ခံရတဲ့ ကိစ္စတွေကို အလုပ်သမားရေး ၀န်ကြီးဌာန၀န်ကြီးနဲ့ အတူပါလာတဲ့ ဒု-၀န်ကြီးချုပ်တို့ကို အဲန်ဂျီအိုတွေက တင်ပြဆွေးနွေးတာကို ကြားသိရတယ်လို့ ပြောပါတယ်။
“ဒီမှာ ထိုင်းလိုတတ်တဲ့ အလုပ်သမား စကားပြန်တယောက်ရှိတယ်။ သူပြောတာတော့ ကျနော်တို့ ဗမာပြည်သားတွေ ပြန်ကြတဲ့အခါမှာ ဂိတ်တွေမှာ ဆွဲချတာ၊ ၉၉၉ ဂိတ်မှာ ဆွဲချတာတို့၊ ပိုက်ဆံပေးရွေးရတာတို့ ဘာတို့အဲဒါတွေလည်း ထည့်ဆွေးနွေးသွားတယ်လို့ ပြောတယ်။”
နခေါင်ပထုံခရိုင်မှာရှိတဲ့ ၀ပ်ရိုက် ခင်ဝစ်ထယာ ဘုန်းကြီးကျောင်း ရေဘေးဒုက္ခသည်စခန်းမှာ ဘန်ကောက်မြို့အနားက နုံထဘူရီ၊ အယုဒ္ဒယနဲ့ စမွတ်ပရာကန် စတဲ့ ရေလွမ်းခရိုင်တွေက ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ အလုပ်သမား ၅၀၀ ခန့် လာရောက် ခိုလှုံနေကြပြီး မြန်မာက အများဆုံး ဖြစ်ပါတယ်။


