မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ချင်းမိုင်မှ အမျိုးသမီး နှီးနောဖလှယ်ပွဲ

နှစ်၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့

၁၀ ကြိမ်မြောက် အမျိုးသမီးများနေ့ နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၊Holiday Gardend Hotel တွင် ၂၀၁၁ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ (MAP Foundation) မှ ဦးစီး၍ ၅ ရက်တာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ထိုဆွေးနွေးပွဲကို အဖွဲ့အစည်းများ၊ အလုပ်သမားများ၊ ဒုက္ခသည်စခန်းမှ အမျိုးသမီးများ နှင့်အခြားသော အနယ်နယ်ဒေသများမှ အမျိုးသမီးပေါင်း ၁၂၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထိုင်းနိုင်ငံမှ မဲ့စရီယန်၊ မဲဆောက်၊ ဖန်င၊ ချင်းမိုင်၊ ဘန်ကောက်၊ မဲ့ဟောင်ဆောင်၊ ဖန်၊ ဝေ့ဟန်၊ မဲ့ဆိုင်၊ ရနောင်း မြို့နယ်တို့မှ ကရင်၊ ထိုင်း၊ ရှမ်း၊ လားဟူ၊ ကရမ်း၊ မလေး၊ ဟင်ဒီ၊ ကရင်နီ၊ ပအိုဝ်၊ ထားဝယ်၊ ပလောင်၊ မွန်၊ ရခိုင်၊ ဗမာ စသည်နှင့် အခြားဒေသမှအမျိုးသမီးလူမျိုးစု အများအပြားတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားစတင်ချိန်တွင် map Foundation ဒါရိုက်တာ Jackie မှ နှစ်တရာရှိပြီဖြစ်သော အမျိုးသမီး များနေ့တွင် တခုခုပြောင်းလဲနိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်းကို အဖွင့်အမှာစကားနဲ့အတူ ပြောကြားသွားခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသဆိုင်ရာအမျိုးသမီးများမှ ၂၀၁၀ ခုနှစ်၏ လစဉ်အမျိုးသမီး ဆွေးနွေးပွဲနှင့် ပတ်သတ်သော အစီရင်ခံစာများကို အသီးသီး အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲ၌ အိမ်ဖော်အလုပ်သည် အလုပ်ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်း။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုဆန့်ကျင်ခြင်း နိုင်ငံရေးနှင့်ပတ်သတ်သော ငွေကြေးဆိုင်ရာ ပေါ်လစီ။ စီဒေါအကြောင်း (အမျိုးသမီးများအပါ် အကြမ်းဖက်မှုကိုဆန့်ကျင်ခြင်း) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး။ ရွေ့ပြောင်းအလုပ်သမားများ အပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း။ လူ့အခွင့်အရးနှင့် အာစီယံ၏ နည်းဗျူဟာများ။ ပြည်တွင်းရွာပုန်း ရွာရှောင် များနှင့် ဒုက္ခသည်စခန်းမှ အမျိုးသမီးများ၏ နေထိုင်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

မတ်လ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြန်မာအမျိုးသမီးများစံပြခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရပ်ခြားရောက် မြန်မာရွေ့ပြောင်းအမျိုးသမီးများကို အားပေးစကားပြောကြားသော ရုပ်သံကိုထုတ်လွှင့် ပြသ၍ အမျိုးသမီးများမှ ခွန်အားသစ်များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ချီတက်လမ်းလျှောက်ပွဲ အခမ်းအနားကို နှစ်တရာပြည့်အမျိုးသမီးများနေ့၊ I am woman သီချင်းများနှင့် လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ကြပါသည်၊ အခမ်းအနားတွင် အမျိုးသမီးများ ရှေဆက်ချီတက်ရမည့် လုပ်ငန်းစဉ်များကို ကြေငြာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ လက်ထောက်ခရိုင်မှူးကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB)မှ အတွင်းရေးမှုး ဒေါ်တင်တင်ညိုက အမှာစကားပြောကြားခဲ့ပီး အခမ်းအနား ကိုစည်းကားစွာကျင်းပခဲ့ကြပါသည်။

map foundation မှ ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား၌ ၁၀ရက်နေ့ တွင် WLB မှ အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ဆောင်ချက်များ၊ လုပ်ငန်းစဉ်နှင့်၊ ဖွဲ့စည်းပုံ အစီရင်ခံစာကို အသေးစိတ် တင်ပြ ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ နိုင်ငံရေးအခြေအနေများ၊ ငိမ်းချမ်းခြင်းနှင့် ပြန်လည်သင့်မြတ်ရေး စသည့်ခေါင်းစဉ်များကို အမျိုးသမီးများမှ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပါတယ်။






















































DVB ရုပ်သံမှတ်တမ်း

နိုင်ငံတကာ အလုပ်သမား နှီးနှောဖလှယ် တွေ့ဆုံပွဲ ကျင်းပ

2011 ခုနှစ် ဖေဖော်ဝါရီလ 24 ရက်မှ 25 ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်(MAP Foundation) မှ ကြီးမှူး၍ နိုင်ငံတကာ အလုပ်သမား နှီးနှောဖလှယ် တွေ့ဆုံပွဲကို 2 ရက်တာ ကျင်းပခဲ့ပါသည် ..

ထို တွေ့ဆုံပွဲတွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီယား၊ အိန္ဒိယ၊ မြန်မာ စသည်တို့မှ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းကိုယ်စာလှယ်များ၊ သမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမား လှုပ်ရှားမှု ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ 70 ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ထိုင်းနိုင်ငံ မီးရထားအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဌ (Mr. Sawit Kaew Wan) မှ ထိုင်းနိုင်ငံတွင်းရှိ အလုပ်သမားသမဂ္ဂများနှင့် သူတို့ရဲ့ ရပ်တည်ချက်များ ထိုင်းအလုပ်သမားများမှ ရွှေ့ပြောင်းအလုပ်သမားများပေါ်ထားရှိသည့် အမြင်သဘောထားများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ထိုင်းအလုပ်သမားသမဂ္ဂများတွင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်ရေးအခြေနေများကို အသေးစိတ် တင်ပြခဲ့ပါသည်။ ၄င်းမှ ဆက်လက်၍ ထိုင်းနိုင်ငံတွင်း အလုပ်သမား ဦးရေ 38.5 သန်းခန့်ရှိရာ ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ 3.4 သန်း ခန့်ရှိကြောင်းနှင့် ထိုင်းအလုပ်သမားသမဂ္ဂများအနေဖြင့် အလုပ်သမားများ၏ လုပ်အားခနှင့် အခွင့်ရေးများ တန်းတူရရှိအောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီယား၊ စသည့်နိုင်ငံများမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များမှလည်း သူတို့နိုင်ငံ၏ အလုပ်သမားများအကြောင်း၊ အလုပ်သမားသမဂ္ဂများ အကြောင်းနှင့် သူတို့၏ ရပ်တည် ချက်များအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထိုင်းနိုင်ငံ တာ့က်ခရိုင် မဲဆောက်ဒေသမှ အလုပ်သမားရေး ဆောင်ရွက်နေကြသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) မြန်မာအလုပ်သမားများကွန်ယက် (BW- Network) မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC) ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA) ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ (ALC) ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသမှ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အလုပ်သမားကိုယ်စာလှယ်များမှလည်း မိမိတို့ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းအလုပ်သမား သမဂ္ဂများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှုအခြေနေများကို တင်ပြ ပြောကြားခဲ့ပါသည်။