မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း

(တရားဝင်ဘာသာပြန်မဟုတ်ပါ)


၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်

အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂

အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊

၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။

၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက် ကုန်ကျစရိတ်ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်ပြီး နောက်တစ်ကြိမ်တောင်းဆိုလလျှင်လည်း နေထိုင်ခွင့်ဗီဇာဘတ် ၅၀၀ထပ်မံကုန်ကျမည် ဖြစ်သည်။

၁-၃) ကျန်းမာရေးဝန်ကြီးဌာနမှ( ၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အထိ သက်တမ်းတိုးပေးခြင်းခံရသော မြန်မာ၊ လော၊ ကမ်ပူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ပေးခြင်း များကိုဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးအာမခံပြု လုပ်ခကို ကျန်းမာရေးဌာနမှသတ်မှတ်သည့်အတိုင်းပေးဆောင်ရမည်။

၁-၄) အလုပ်သမားရှာဖွေရေးဌာနမှ မြန်မာ၊ လော၊ ကမ်ပူးချားရွှေ့ပြောင်းအလုပ်သမားများအား(၁၄၊ ၆၊ ၂၀၁၂)ရက်နေ့အလုပ်ခွင့်ကို အချိန်တိုးပေးရမည်။ ရွှေ့ပြောင်းအလုပ်သမားများမှ ပြဌာန်းချက်အတိုင်း အလုပ်လက်မှတ်ခကိုပေးဆောင်ရမည်။ ထိုအချိန် အတိုင်းအတာအတွင်းရွှေ့ပြောင်းအလုပ်သမားသည် နိုင်ငံသားစိစစ်ခြင်းကိုအပြီးလုပ်ဆောင်သွားရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်မှုအောင်မြင်ပြီးသည့်အလုပ်သမား သည် သတ်မှတ်ထားသည့် ကုန်ကျစရိတ်များ ပေးဆောင်အလုပ်လုပ်ခွင့်အသစ်ကို ထပ်မံတောင်းဆိုရမည် ဖြစ်သည်။ အလုပ်လုပ်ခွင့် ထပ်နေချိန်အတွက်ကောက်ခံရန်မလို။

၁-၅) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်မှုခံယူပြီးသည့် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေးစနစ်သို့ဝင် ရောက်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။

၁-၆) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရတင်းကြပ်စွာအရေးယူသွားရမည်။

ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှ အလုပ်သမားများနိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။

၂) (၂၆-၄-၂၀၁၁) နေ့ဝန်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ (၁၄-၆-၂၀၁၂)ရကနေ့အထိ နိုင်ငံတွင်းခေတ္တနေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်ရထားသော ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ ဌာနများမှ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

၂-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်း ခေတ္တ နေထိုင်ခွင့်ပေးထားခြင်းနှင့် ဆိုင်ရာအချက် ၁ နှင့် ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိ ပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှု လုပ်ဆောင်နေစဉ် ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ - ၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချားအလုပ်သမားများအား နိုင်ငံသားစိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့်အားပြုသည့် ကြေညာချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂(၃)အရ နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) ) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက်မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာလုပ်ကိုင်ခွင့်ပြုသည်။

၂-၂) နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာနအား နိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများ ယာယီပတ်စပို့စ်(သို့) (Certificate of Identity)အသုံးပြုနေထိုင်ခွင့်ဗီဇာ (Non-Immigrant-LA) ခေတ္တနေထိုင်ခွင့်တံဆိပ်တုံး ထုတ်ပေးစေပြီး ၂ နှစ်ထက် မပိုသည့် နေထိုင်ခွင့် ပေး၍ နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်ပြုမည်ဖြစ်သည်။

၂-၃)နိုင်ငံသားစိစစ်ပြီးသည့် မြန်မာ၊ လော၊ ကမ်ဖူးချားရွှေ့ပြောင်းအလုပ်သမားများအား (Non-Immigrant-LA)တံဆိပ်ထုပေးရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ လုံလောက်သည့်ဝန်ထမ်းအင်အားကို ချထားပေးရမည်။ နိုင်ငံတွင်းနေထိုင်ခွင့်နောက်တစ်ကြိမ် ၂ နှစ်နေထိုင်ခွင့်အား နိုင်ငံသားစိစစ်ရေးဌာန တည်ရှိသည့်နေရာ(သို့) လူဝင်မှုကြီးကြပ်ရေးဂိတ်များ(သို့) အလုပ်ရှင်မှအလုပ်သမားအား လွယ်ကူစွာ ခေါ်ဆောင်သွားနိုင်သည့် သတ်မှတ်ထားသည့်နေရာများ တွင်ကုန်ကျစရိတ် ဘတ် ၅၀၀ ပေး ဆောင်၍သက်တမ်းတိုးရန်ဆောင်ရွက် နိုင်သည်။ နောက်တစ်ကြိမ်နေထိုင်ခွင့်တောင်းခံရာတွင်လည်း ဘတ် ၅၀၀ ကုန်ကျမည်ဖြစ်သည်။

၂-၄)ကျန်းမာရေးဌာနမှ နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးသူ မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းအလုပ်သမားများ အား ကျန်းမာရေးစစ်ဆေးပေးရမည်။

၂-၅) နိုင်ငံသားစိစစ်ပြီး (Non-Immigrant-LA) နှင့်နိုင်ငံတွင်းနေထိုင်ခွင့်တံဆိပ်ရရှိပြီးသရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ရှာဖွေရေးဌာနမှ ဥပဒေအရ သတ်မှတ်ထားသည့် ကုန်ကျစရိတ်များအတိုင်း ကောက်ခံ၍အလုပ် သမားမှတ်ပုံတင်ခြင်း ကိုဆောင်ရွက်သွားရမည်။

၂-၆) လူမှုဖူလုံရေးဌာနမှ နိုင်ငံသားစိစစ်ပြီးအလုပ်သမားများအား လူမှုဖူလုံရေးအာမခံစနစ်သို့ဝင်ရောက်နိုင် ရန်စိစဉ်ဆောင်ရွက်ပေးရမည်။

၂-၇) ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်မှုခံယူခြင်းမရှိဘဲတရားမ၀င် အလုပ် လုပ်နေသူများနှင့် ၄င်းတို့အားခန့်ထားသူအလုပ်ရှင်များ၊ တင်သွင်းလာသူ(ကယ်ရီ)များနှင့် နေထိုင်သည့် နေရာပေးထားသူများအား ဥပဒေအရ တင်းကြပ်စွာအရေးယူသွားရမည်။

ပြည်ထဲရေးဌာနမှ ကြေညာချက်(သို့) စည်းကမ်းချက်ထုတ်ပြန်ရန်ဆောင်ရွက်နေချိန် မြန်၊ လော၊ ကမ်ဖူးချားမှအလုပ်သမားများ နိုင်ငံသားစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားနိုင်သည်။

၃) - နိုင်ငံသားစိစစ်ရေးပြုလုပ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချား ရွှေ့ပြောင်းလုပ်သမားများနှင့် (MOU) နှစ်နိုင်ငံနားလည်မှုစာချုပ်ဖြင့် တရားဝင်တင်သွင်းလာသော မြန်မာ၊ လော၊ ကမ်ပူးချား ရွှေ့ပြောင်းအလုပ် သမား များကုန်ကျစရိတ်သာမန်အားဖြင့် ဘတ် ၂၀၀၀(သို့) ဘတ် ၅၀၀ ပေးဆောင်ပြီး နိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်နိုင်ရန် ဘတ် ၅၀၀ ထပ်မံပေးဆောင်ရန်အတွက် (၄)နှစ်တာ အချိန်သတ်မှတ်ရမည်။ ၀န်ကြီးဌာနစည်းမျည်းထုတ်ပြန်ကြေညာပြီး အတည်ပြုသည့်နောက်မှစ၍ သက်ဆိုင်သည့်ဌာနများမှအောက်ပါ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

၃-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ နေထိုင်ခွင့်ပြုချက်အတွက်ကုန်ကျစရိတ် ဘတ် ၅၀၀ ကောက်ယူခြင်းအားခေတ္တ နေထိုင်သူများအတွက်ဖြစ်ပြီးနောက်ထက်တကြိမ်ထပ်မံ၍ ဘတ် ၅၀၀ ပေးဆောင်၍၀န်ကြီးဌာနကြေညာချက် ထုတ်ပြန်ပြီးနောက် ၄ နှစ် နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

၃-၂)လူဝင်မှုကြီးကြပ်ရေးဌာနမှ အောက်ပါတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

၃-၂-၁) နှစ်နိုင်ငံနားလည်မှု စာချုပ်(MOU) ဖြင့် တရားဝင်ဝင်ရောက်သူ အလုပ်သမားများ သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ်ထပ် နေခွင့်ရှိသည်။

၃-၂-၂) နိုင်ငံသားစိစစ်ပြီးရွှေ့ပြောင်း အလုပ်သမားများသည်လည်း အထက်ပါအတိုင်း သည် ၀င်ရောက်လာသည့်လူဝင်မှုကြီးကြပ်ရေးဂိတ်များ အားလုံးတွင် ၂ နှစ် နေထိုင်ခွင့် ဘတ် ၅၀၀ ပေးဆောင်၍ တံဆိပ်တုံးထုရမည်။ အချိန်ကုန် ဆုံး၍ထပ်မံနေလိုပါက ဘတ် ၅၀၀ ပေးဆောင်၍ ၂ နှစ် ထပ်နေခွင့်ရှိသည်။

၎-(၂၀၀၈)ခု နိုင်ငံခြားသားအလုပ်သမား ဥပဒေအရ ကောက်ခံမည့် နေရပ် ပြန်လည်ပို့ဆောင်စရိတ် ရံပုံငွေ ကောက်ခံခြင်းကို နောက်တစ်နှစ်သို့ရွှေ့ဆိုင်းလိုက်သည်။ ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် ချပြီးနောက် အလုပ်ရှာဖွေရေးဌာနမှ စည်းမျည်းထုတ်ပြန်၍ သက်ဆိုင်ရာဌာနများ ဆက်လက်ဆောင်ရွက် သွားရမည်။ ၀န်ကြီးချုပ်အထွေထွေအတွင်းရေးမှူးရုံး အတည်ပြုချက်ကိုစောင့်ဆိုင်းရန်မလိုပါ။




http://www.thaigov.go.th

အီးမေးလ်းမှ ၀င်ရောက်လာသည်ကို မူရင်းအတိုင်း ထပ်မံဖော်ပြလိုက်ပါသည်။
(မြန်မာအလုပ်သမားများကွန်ယက်)