နာရေးကူညီမှုအသင်း (မဲဆောက်) လပတ်အစည်းအဝေးပြုလုပ်
နာရေးကူညီမှုအသင်း (မဲဆောက်)၏ လပတ်အစည်းဝေးကို သြဂုတ်လ 29 ၊ 2010 ခုနှစ် (တနင်္ဂနွေ)နေ့တွင် ကပ်ဖိဘန့်ရှိ အဝေးရောက်ဧရာဝတီအသင်း ရုံးခန်းတွင်း ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုအစည်းဝေးပွဲတွင် နာရေးကူညီမှုအသင်း(မဲဆောက်)၏ နာယကဆရာတော် နှင့် နာရေးကူညီမှုအသင်း(မဲဆောက်)၏ ကော်မတီဝင်များ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်း၏လက်ရှိ အခြေအနေနှင့် နာရေးလုပ်ငန်းစဉ်များကို ယခင်ထက် ပို၍လုပ်ဆောင်နိုင်ရန်အတွက် ၀ိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။



မြန်မာအလုပ်သမားများကွန်ယက်
ထိုအစည်းဝေးပွဲတွင် နာရေးကူညီမှုအသင်း(မဲဆောက်)၏ နာယကဆရာတော် နှင့် နာရေးကူညီမှုအသင်း(မဲဆောက်)၏ ကော်မတီဝင်များ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်း၏လက်ရှိ အခြေအနေနှင့် နာရေးလုပ်ငန်းစဉ်များကို ယခင်ထက် ပို၍လုပ်ဆောင်နိုင်ရန်အတွက် ၀ိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
မြန်မာအလုပ်သမားများကွန်ယက်
Labels:
သတင်းမှတ်တမ်း
ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်
မြတ်ခိုင်ဦး / ၁၉ သြဂုတ် ၂၀၁၀
ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့်ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့်အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီဖြစ်ကြောင်း ကော်မတီအထွေထွေအတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။
ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစားခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင်သက်သေခံအမှတ် ရှိကြကာ ရွှေပြောင်းအလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။
ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်းကလေးသူငယ်များသည် ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ရရှိမည်ဖြစ်သည်။
ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင်အထောက်အထား ထုတ်ပေးထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။
တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်းစာနာမှုအဖြစ် ယာယီနေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ခွင့် ရဦးမည်မဟုတ်ပေ။
စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့်လွန်သွားသူများဟု သတ်မှတ်သည်။
ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေးသူငယ်များအား နိုင်ငံသားဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါကလေးများအကြားတွင် မိဘမဲ့ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။
ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ်ကာလအတွင်း နေထိုင်ရာဒေသ၏ လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ အလုပ်ရရှိမည်ဖြစ်သည်။
မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေးငယ်မှာလည်း အလားတူဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်သည်။
ခေတ်ပြိုင်ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။
Labels:
သတင်းမှတ်တမ်း
LLC နှင့် 6 လပတ်အစည်းဝေး
ယနေ့(၂၁၊ ၈၊ ၂၀၁၀) ညနေ ၃ နာရီတွင် မဲ့ဆောက်မြို့ ရုဂျီတာဟိုတယ်တွင် မြန်မာအလုပ်သမားများအရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ အလုပ်သမားမျာ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ အစည်းဝေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
ထိုအစည်းဝေးပွဲကို . ထိုင်းရှေ့နေများအဖွဲ့(LLC) မဲ့ဆောက်တာဝန်ခံ၊ ရှေ့နေများနှင့်အတူ FTUB, BW-Network, PKGWU, ALC, FED, BLC စသည့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့များတတ်ရောက်ခဲ့ပါသည်။
အစည်းဝေးတွင် လက်ရှိအလုပ်သမားများ၏ ယာယီပတ်စ်ပို့စ် နှင့်ပတ်သတ်ပြီး အလုပ်သမားများ၏ ဖြစ်ပေါ်နေသော အခတ်အခဲပြဿနာများ၊ အလုပ်သမားများ၏ လက်ရှိလုပ်ငန်းခွင် ပြဿနာများ၊ အခြေအနေများနှင့် အလုပ်သမားများ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။


မြန်မာအလုပ်သမားများကွန်ယက်
ထိုအစည်းဝေးပွဲကို . ထိုင်းရှေ့နေများအဖွဲ့(LLC) မဲ့ဆောက်တာဝန်ခံ၊ ရှေ့နေများနှင့်အတူ FTUB, BW-Network, PKGWU, ALC, FED, BLC စသည့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့များတတ်ရောက်ခဲ့ပါသည်။
အစည်းဝေးတွင် လက်ရှိအလုပ်သမားများ၏ ယာယီပတ်စ်ပို့စ် နှင့်ပတ်သတ်ပြီး အလုပ်သမားများ၏ ဖြစ်ပေါ်နေသော အခတ်အခဲပြဿနာများ၊ အလုပ်သမားများ၏ လက်ရှိလုပ်ငန်းခွင် ပြဿနာများ၊ အခြေအနေများနှင့် အလုပ်သမားများ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
မြန်မာအလုပ်သမားများကွန်ယက်
Labels:
သတင်းမှတ်တမ်း
Subscribe to:
Posts (Atom)
