မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း


တရားမဝင် နိုင်ငံခြားသား လုပ်သားများ နေရပ်ပြန်ပို့ရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ၃ နိုင်ငံမှ တရားဝင် ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ငွေကောက်မည့် အစီအစဉ်ကို ၂ဝ၁၂ မတ်လ ၁ ရက်ကျမှသာ စတင်ကောက်ခံရန် ထိုင်းအစိုးရက ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

တဦးလျှင် ဘတ် ၄ဝဝ နှုန်းဖြင့် မြန်မာ၊ လာအို၊ ဘတ် ၃၅ဝ ဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ၁ ရက်နေ့မှစ၍ ၆ လကြာ ငွေကောက်ရေးကို ရွှေ့ဆိုင်းရန် ယခုလ ၄ ရက်နေ့လုပ် ထိုင်းဝန်ကြီး အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

“၄ဝဝ သာ ပေးရတယ်ဆိုပေမယ့် သွားပေးမယ့် စရိတ်နဲ့၊ အလုပ်ပျက်ဦးမှာနဲ့၊ အလုပ်ရှင်က ညည်းညူမှာနဲ့၊ တချို့ဆို အလုပ်ရှင်ပွဲစားဆိုရင် သူတို့က လိုက်လုပ်ပေးမှာ မဟုတ်သလို သူတို့အကျိုးရှိမှ လုပ်ပေးမှာကိုး။ အနည်းဆုံး ၅ဝဝ လောက် ပေးရမယ်။ ဒီလိုဖြစ်သွားတာ အရမ်းပျော်ရွှင်မိတယ်” ဟု ဘန်ကောက်မြို့ရှိ တရားဝင် မြန်မာအလုပ်သမား ကိုကျော်ကိုကိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား အလုပ်သမား ဥပဒေ အခန်း ၂၊ အပိုဒ်ခွဲ ၃ဝ နှင့် ၃၁ တွင် အဆိုပါ ရန်ပုံငွေကို လုပ်ငန်းရှင်များက မိမိလုပ်ငန်းခွင်ရှိ တရားဝင် နိုင်ငံခြားသား အလုပ်သမားများထံမှ ကောက်ရမည်ဖြစ်ကာ၊ ယင်းငွေကို တရားမဝင် အလုပ်သမားများ ပြန်ပို့ရာတွင် ယခင် အစိုးရဘတ်ဂျက်မှ အသုံးပြုနေသော ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ နေရာတွင် အစားထိုး အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်။

ယင်း ဥပဒေအရ ရန်ပုံငွေ ကောက်ခံရေး မူလအစီအစဉ်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး၊ မြန်မာနှင့် လာအိုများအတွက် တလ ဘတ် ၄ဝဝ နှုန်းဖြင့် ၆ လစာ ၂၄ဝဝ ဘတ်၊ ကမ္ဘောဒီးယား များအတွက် တလလျှင် ဘတ်ငွေ ၃၅ဝ နှုန်းဖြင့် ၂၁ဝဝ ကောက်ခံရမည်ဟု လျာထားခဲ့သည်။

သို့သော် ဥပဒေထဲတွင် တရားဝင်လုပ်သားများ နိုင်ငံရင်းသို့ အပြီးပြန်သောအခါ မည်သို့ပြန်ထုတ်ပေးမည်ကို တိကျစွာ ပြဋ္ဌာန်းမထားသဖြင့် အလုပ်သမားရေးရာအဖွဲ့များက တောင်းဆိုကန့်ကွက်ခဲ့သလို၊ တရားဝင်များထံမှ ကောက်ခံပြီး တရားမဝင်များ ပြန်ပို့ရာတွင် အသုံးပြုမည်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင်လည်း အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီး ခွန်နာယ်ချလမ်ချား စီအော်န်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်မှုလုပ်ငန်းရှင်များ၊ ကူးသန်းရောင်းဝယ်ရေးအသင်းနှင့် အစည်းအဝေး၌ ယင်းဥပေဒနှင့်ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသဖြင့် စတင်ကောက်ခံမည့် ရက်ကို ရွှေ့ဆိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်း မသီချွန်က ဖော်ပြခဲ့သေးသည်။

ထိုင်းတွင် ယခု ၃ နိုင်ငံမှ တရားဝင် လုပ်သား တသန်းကျော်ရှိပြီး မြန်မာက ၈၁၂,၉၈၄ ဦးအထိ ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ IOM ၏ ပြီးခဲ့သည့် နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားများ အပါအဝင် တရားမဝင် လုပ်ကိုင်သူပေါင်း ၂ သန်းကျော်ရှိကြောင်း နယူးဇီလန်အခြေစိုက် ပင်လယ်ရပ်ခြား အလုပ်သမား ကူညီရေးအဖွဲ့ UnionAID ကလည်း ထုတ်ပြန်ထားသည်။

“အလုပ်အဆင်ပြေတဲ့ လူတွေမှာတော့ အရေးမကြီးဘူးဆိုပေမယ့် တချို့အလုပ်သမားတွေအတွက်က တအားအခက်အခဲ ရှိတယ်လေ။ ဒီကြားထဲ မြန်မာပြည်က မိသားစုအတွက်က မပို့မဖြစ်တဲ့ အခြေအနေတွေက အများကြီးပါ။ ၂ဝ၁၂ ကို ပြောင်းလိုက်တယ်ဆိုရင်၊ သူတို့အတွက် တလ ၄ဝဝ ဆိုရင်ပဲ မိသားစုနည်းတဲ့ လူတွေအတွက် ထောက်ပံပေးလို့ ရပြီပေါ့” ဟု ထိုင်းတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမ မမိုးသူဇာက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ ၀က်ဆိုဒ် မှ ကူးယူဖော်ပြပါသည်၊

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အရှင်ဧသက

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး

ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ

သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာ

ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝ

အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်

တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်

လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ

ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့

မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့်

အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်

မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။
သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀

ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။

သူအလုပ်လုပ်တဲ့စားသောက်ဆိုင်

ကလူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။

အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာတနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေ

ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူမဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့

တာလည်းကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိသွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်

လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှမတိုက်တွန်းပဲ

သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်

လုပ်ပြီး ည ၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ

အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး

တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်

ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်း

ကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့်

(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်

အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက

သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို

မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင်

စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်

ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို

မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ

ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ

လေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့

ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး

ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ

စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်

ထားပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက်ကောင်လေးက ဘုရားပေါ်

လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း

ထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး

ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်

နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း

မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်

လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာ

မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ဘုရားရုပ်ပွား

တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်

နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ

သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား

နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ

ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့

မိန့်တော်မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ

ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်

ဖြစ်စေအခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်

ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး

ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။

ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ

လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့

အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်

သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ

ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်

တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊

ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံ

စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ

တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်

ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊

ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ

ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်

နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ 

မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း

ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့

မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့

့ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊

နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်

မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့

မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့

အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်

မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း

အမှန်တရားကို လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်

မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး

သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊

ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ

ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို

၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်

ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်

မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း

ထဲသို့ ၀င်ခဲ့မိပြန်တယ်။

“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊

ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း

ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက

လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့

နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့

ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။

သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို

အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်

“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ

ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။

နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ

တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း

တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ

က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ

ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး

ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်

ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး

ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း

လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်

မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း

တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက

ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း

က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။

အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်

တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး

ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း

လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။

ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်

သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”

လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်

ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။

သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်

ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်

ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်

ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်

ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။

ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ

စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ

မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို

အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။


ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။

အရှင်ဧသက

ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်၊ အမေရိကန်

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၇-ရက်။


နိုက်ကလပ်မှ မြတ်ဗုဒ္ဓ ()

အရှင်ဧသက

ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊

တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊

ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ

အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။

ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက်

ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း

လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး

အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့

အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ

တည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို

သာအဖန်ဖန်ရွတ်ပွားနေတော့တယ်။

တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့

ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး

ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ

ဂုဏ်တော်သာ ရွတ်နေဆဲပင်။

တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်

လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး

အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။

အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူး

စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က

အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း

တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့်

ဒလပ်စပ် ပစ်ခတ်နေပေပြီ။

နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစော

လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ်

အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ

လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်

မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။

ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့

မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ်

ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ

ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ

က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။

ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ

တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့

သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်

ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို

ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။

သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်”

လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ်

စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ

ကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”

“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွား

ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး

အားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့

လှိုက်လှိုက်လှဲလှဲဆိုမိတယ်။

သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင်

ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”

လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ် (အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)

လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”

ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။

ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည်

သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက်

အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို

ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။

ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့်

ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။

ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာ

အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့

စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က

ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်

“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက်

တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင်

ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့်

ကိုမိုးဝင်းအံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်

ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ

သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား

တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး

ပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟု

ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။

ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေး

ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲ

ချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။

(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ) ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊

“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား

ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊

ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက်

လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း

ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”

အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊

တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက်

ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ်

ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။

ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။

“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ

မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို

ပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။

ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေ

လိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်

ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို

နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း

ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း

ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။

ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ (ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)

တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင်

တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ

$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊

လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း

ထပ်ဆောင်းရပြန်သေး.. ။

လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့်

မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ

(၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း

နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။

ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။

အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော်

အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။

မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက

ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်

လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။

ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့်

နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။

တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက်

ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်

ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။
နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ

ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။

ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြ

တယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို

(အဇူဇာကျောင်း ဆရာတော်များနှင့် ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့

ဂေါပကလူကြိုးများ ဘုရားကြိုဆိုအပြီးတွင် အမှတ်တရ) ရေသပ္ပါယ်တယ်။ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ်

ခုမှလုပ်ရတော့တယ်လို့ပြောလိုက်သေးတယ်။

ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော်

ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့

ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က

သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက

လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်

ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်

ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ

ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက်

သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ

မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။

ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ

ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။

ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော်

အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ကြေးညိုရောင်သန်းပြီး

ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ်

သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး

ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ

မြတ်ကို ခံစားတော်မူလေပြီ။

ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ

သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ

ဝီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်း

လောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။

ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း

တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ

ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။

အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်

လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့

နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ

သေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစား (ငွေများထုပ်ချေး အစစကူညီပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီ

မြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ တို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ ကန်တော့)

ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော်

မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ

ပပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။

အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်

www.ashinayethaka.com (မြတ်ပဋ္ဌာန်း)

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်

သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့

မောင်ရန်မျိုးအောင် တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း

တင်ဆက်လိုက်တာပါ။

(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း

ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ခပ်မှိန်မှိန်နဲ့

ဖေါ်ပြလိုက်ပါတယ်။)

သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ....။

စာရေးသူ အရှင်ဧသကနှင့်

ဘုရားဒါယကာ ကိုရန်မျိုးအောင်

Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦး (၄၈) ရက် ထောက်ဒဏ်ချ

ဘန်ကောက်မြို့ စမူပါကန် ပါနန်း အရပ်ရှိ ဒိုင်းမွန်း ဆိုဖါ အလုပ်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား နယ်ကျော်မှုနှင့် Work Permit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးခဲ့ပြီး တနေ့တည်း တရားရုံး တင်ကာ ထောက်ဒဏ် (၄၈) ရက် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ခေါင်ကယ်ပိုက် စက်ရုံမှ ပြောင်းရွေ့လာခဲ့ပြီးနောက် ထောင်ချီ ရှိသော မြန်မာ အလုပ်သမားများမှာ ယာယီ ပက်စ်ပို့ကို လက်ဝယ် ကိုင်ဆောင်ခွင့် ရရှိခဲ့ကြသော်လည်း Work Permit ကိုမူ ရယူ နိုင်ခြင်း မရှိခဲ့ဟု သိရသည်။ အဆိုပါ အလုပ်သမားများမှာ အလုပ်အကိုင် အတည်တကျ မဖြစ်နိုင်ဘဲ ဟိုပြောင်း သည်ပြောင်းဖြင့် Work Permit အသစ်ကိုလည်း လျှောက်ထားနိုင်ခြင်း မရှိချေ။

ဖမ်းဆီး ထောင်ချ ခြင်း ခံလိုက်ရပြီး ဖြစ်သော မဖြိုးနှင့် မလွင်လွင်ကြူတို့က “ကျမတို့ကို ဒီမနက် အလုပ်ထဲမှာ လာဖမ်းတာပါ။ Work Permit လုပ်မထားလို့ ဆိုပြီး ပြောပါတယ်။ သူဌေးဆီကလဲ လုပ်အားခ မရသေးဘူး။ ထောင် (၄၈) ရက် ကျခံရမယ်။ ပြီးတော့ ဘာဖြစ်အုံးမလဲ မသိဘူးရှင်” ဟု ပြောပြသွားသည်။

အဆိုပါ အလုပ်သမားများသည် ယနေ့ နေ့လည်ပိုင်းက (ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ – BAT) သို့ သတင်းပို့ပြီး အကူအညီ တောင်းခံ ခဲ့ကြောင်းလည်း သိရသည်။ BAT ကလည်း မိတ်ဆွေ လုပ်ဖော် ကိုင်ဘက် ထိုင်းနိုင် အင်ဂျီအို အဖွဲ့ တခုနှင့် အတူ ဆက်သွယ် ကူညီရန် ပြင်ဆင်ခဲ့ကြသည်ဟု ဆိုသည်။ ထိုင်း အန်ဂျီအိုမှ မြန်မာ ဘာသာပြန်နှင့် ထိုင်းရှေ့နေ တို့က အဆိုပါ အလုပ်သမားများ ပေးထားသည့် ဖုန်းများကို ဆက်သွယ်ပြီး ၎င်းတို့အား ညွှန်ပြသည့် ရဲစခန်းသို့ လာရောက်ခဲ့သော်လည်း ရှာဖွေ မတွေ့ရှိခဲ့ဟု ဆိုသည်။ ဖုန်းများကိုလည်း မည်သို့မျှ ဆက်သွယ်၍ မရရှိခဲ့ဟု သိရှိရသည်။ ညနေ (၄) နာရီခန့်တွင်မှ မဖြိုးတို့က ဖုန်းကို ထိုင်းရဲများ သိမ်းလိုက်ကြောင်း၊ တလုံးကို ၀ှက်ထားပြီး အိမ်သာထဲတွင် ထည့်ထားကြောင်း၊ အဆိုပါဖုံးဖြင့် ဆက်သွယ်ကာ အလုပ်သမားများအား ထောင်ချ လိုက်ကြောင်းအား ပြောပြသဖြင့် သိရှိရခြင်း ဖြစ်သည်။ အဆိုပါ အလုပ်သမား (၃၃) ဦးတွင် မိန်းကလေး (၁၄) ဦး ပါဝင်သည်ဟု သိရသည်။

အဆိုပါ (၃၃) ဦးထဲမှာ လူ (၃၀) မှာ ယာယီ ပက်စ်ပို့ ရှိသူများ ဖြစ်ပြီး (၃) ဦးမှာ ဘန်ကောက်မြို့ ၀ိုင်းဝိုင်းယဉ် အရပ်မှ ဖြစ်သဖြင့် (ဘတ်) နယ်ကျော်သည်ဟု ဆိုကာ တခါတည်း ထောင်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း အလုပ်သမား ဥပဒေအရ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်ရှိသူများ အနေဖြင့် သတ်မှတ်ထားသော မြို့နယ်အား ကျော်လွန်ပြီး အလုပ် လုပ်ကိုင်သွားလာပါက ဒဏ်ငွေ ဘတ် (၅၀၀) ပေးဆောင် ရမည်ဖြစ်သည်။ ယာယီပတ်စ်ပို့ လုပ်ကိုင်ထားသူများ အနေဖြင့် ပက်စ်ပို့ လုပ်ပြီး တလအတွင်း Work Permit လျှောက်ထားရမည် ဖြစ်သည်။ ရက်ပေါင်း (၉၀) ပြည့်သည့် အခါ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် တံဆိပ်တုံး ထုရမည် ဖြစ်သည်။ ယာယီ ပက်စ်ပို့မှာ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိသည်။ Work Permit မရှိဘဲ ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ခွင့် မရှိချေ။ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ချမှတ်ပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Arakan Review ဆိုက်မှ ကူးယူဖော်ပြပါသည်၊

ရနောင်းတွင် မြန်မာအလုပ်သမား တရာကျော် ဖမ်းဆီခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရနောင်းမြို့သို့ ယာယီ နိုင်ငံကူးလက်မှတ် သွားလုပ်သော မြန်မာ အလုပ်သမား ၁၀၀ ကျော် ကိုပြီးခဲ့သည့် သောကြာနေ့က စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရခြင်းမှာ ယာယီနိုင်ငံကူး လက်မှတ်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသော ကုမ္ပဏီ ၀န်ထမ်းများနှင့် ပွဲစားများ၏ မမှန်မကန်ပြုလုပ်ခြင်းများကြောင့် ဖြစ်သည်ဟု အခြေခံ လူ့ အခွင့်အရေး ပညာပေးဌာန(GHRE)မှ ဒါရိုက်တာ ကိုထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။

“ယာယီနိုင်ငံကူး လက်မှတ် လုပ်တဲ့အချိန်မှာ ပွဲစားတွေ ကုမ္ပဏီတွေကနေ လုပ်ရင် ပိုက်ဆံ ပိုပေးရပေမယ့် မြန်တယ် ဆိုတာနဲ့ ပွဲစားတွေနဲ့ လုပ်ကြတာ၊ အဲဒီ ကုမ္ပဏီဝန်ထမ်းတွေက ထိုင်းအစိုးရနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အတုတွေလုပ်လို့ ကျနော်တို့မြန်မာ အလုပ်သမားတွေက ကြားထဲကနေခံရတာ။ ထိုင်းအစိုးရရဲ့ စာရွက်စာတမ်းတွေကို ဘယ်လို လုပ်ပြီး အတုလုပ်တတ်မှာလဲ။ ထိုင်းစကားတောင် ကောင်းကောင်းမတတ်ဘဲနဲ့”ဟု ဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ၀န်ဆောင်မှု ပြုလုပ်သည့် ကုမ္ပဏီမှာ Ocean အမည်ရှိ ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

ဘန်ကောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုအောင်မြင့်သိန်းက ဘန်ကောက် ဖက်လန်ဆောင် စမဲဒန်း စွယ် ၅ အထည်ချုပ် စက်ရုံမှ အလုပ်သမား ၁၁ ဦးလည်း အဖမ်းခံရသူများထဲတွင် ပါဝင်ကြောင်း ပြောပြသည်။

“အလုပ်သမားတွေကို Ocean ကုမ္ပဏီက ခေါ်သွားတာလို့ သိရတယ်။ သူဌေးတွေ လာမခေါ်ရင်တော့ ဟိုဘက်ကမ်း အသွန်ခံရမယ်(ပြန်ပို့မယ်)လို့ ကြားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အလုပ်သမားများကို ဖမ်းဆီးရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေး သည့် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုထားသော နယ်မြေမှ တခြားတနေရာသို့ သွားလာခွင့်ပြုသည့် စာရွက်ကို အတုပြုလုပ်မှုကြောင့်ဖြစ်သည်ဟု ယာယီနိုင်ငံကူး လက်မှတ်ပွဲစား တဦးဖြစ်သည့် ကိုမိုးသီးက ပြောသည်။

နောက်ဆုံး သတင်းများအရ အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ယနေ့ညနေပိုင်း၌ ပြန်ပို့လိုက်ကြောင်း သိရသည်။

ပြန်ပို့ခံရသူ တဦးဖြစ်သည့် ကိုဇော် ၏ ဇနီးဖြစ်သူက “ကိုဇော်နဲ့အတူ အဖမ်းခံရတဲ့ တရာကျော်လုံး အခု ကော့သောင်း ဘက်ကို အသွန်ခံရပြီး ဖြစ်တယ်လို့ ကော့သောင်းက ကျမဆီကို ဖုန်းဆက်လာပါတယ်။ ကုမ္ပဏီက ဘယ်လို ဆောင် ရွက် ပေးမလဲတော့ မသိသေးဘူး”ဟု ဆိုသည်။

ယင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့်ပြု လုပ်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေခဲ့ရာ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်း မြို့ ၊ မြ ၀တီ မြို့ နှင့် တာချီလိတ်မြို့ များတွင် ရုံးများဖွင့်လှစ်ပြီး ဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံသား အလုပ်သမား ၁ သန်းကျော်သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားကြောင်း၊ ယင်း တို့အထဲမှ ပြီးခဲ့သည့် မေလ၂၆ ရက်နေ့အထိ အလုပ်သမား ၉၀၉၁၈ ဦး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်

ထိုင်းနိုင်ငံ၌ နေထိုင် အလုပ်လုပ်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမား ၂ သန်းခွဲမှ လေးသန်းဝန်းကျင်ရှိသည်ဟု အလုပ်သမား အဖွဲ့များက ပြောဆိုထားသည်။

အထည်ချုပ်စက်ရုံမှ အလုပ်သမားအခွင့်အရေးပြဿနာများ

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း စက်မှုဇုံ၊ ဒေါ်ဖွားရှင်လမ်းရှိ မြန်မာဂလိုဘယ်လ် အထည်ချုပ်စက်ရုံက အခြေခံ အထည်ချုပ် လုပ်သားများအား ပေးတဲ့လစာငွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြောင်း ယနေ့မြန်မာက စုံစမ်း သိရှိရပါတယ်။

အခုလို အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေခြင်းနဲ့ ပတ်သက်ပြီး ဖြစ်စေချင်တဲ့ ပြောင်းလဲမှု၊ လက်ရှိ အလုပ်သမားများရဲ့ အခြေအနေကိုစက်ချုပ်အလုပ်သမားတဦးအား မေးမြန်းရာ “စက်ရုံက အလုပ်ချိန်လည်း နည်းစေချင်တယ်။ ထမင်းစားချိန် ၄၅ မိနစ် ပေးထားရတာလည်းသိတ် မကြိုက်ဘူးပေါ့ နော်။ ထမင်းဖိုးကလည်း နှစ်ရာလောက် ရစေချင်တယ်။ အခုက ထမင်းဖိုးက တရာပဲ ရတာလေ။ ပေးတဲ့အခြေခံလစာက နည်းထားတယ်။ အနည်းဆုံး လခရတဲ့ အလုပ်သမား တယောက်က တလလုံး ပျက်ရက်မရှိ အလုပ်ဆင်းနိုင်မှ သုံးသောင်းခုနှစ်ထောင် (ကျပ် ၃၇,၀၀၀ (အမေရိကန်ဒေါ်လာ ၄၀ ကျော်)) ရတာ။ အလုပ်သမားတယောက်က ကိုးနှစ်လောက် လုပ်လည်း အမြဲတမ်း အလုပ်သမားတယောက် မဖြစ်သေးဘူး ပေါ့နော်။ နေ့စားလရှင်း သတ်မှတ်ပေးထားတာပေါ့။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောရရင် အိမ်သာတွေ ဆိုရင်လည်း ပျက်စီးသွားရင် ချက်ခြင်း ပြင် မပေးဘူး။ အဲဒီ အိမ်သာကို ပိတ်ထားတယ်။အဲဒီတော့ ကျန်တဲ့ အိမ်သာကို အလုပ်သမားတွေက များတော့ တိုးဝှေ့ပြီး သုံးရတယ်။ စက်ရုံအနေအထားကလည်း ကျန်းမာရေးနဲ့ သိတ်မညီညွတ်ဘူး။ အပူချိန် အရမ်းများတယ်။ လေ၀င်လေထွက် မကောင်းဘူး။ အလုပ်ချိန် အရမ်းများတယ်။ အလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားအချင်းချင်း အကူအညီပေးရင် မကြိုက်နှစ်သက်တဲ့ပုံစံမျိုး ရှိတယ်။ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ ကွယ်လွန်တဲ့အခါ ခွင့်ပေးတာမျိုး တွေ မရှိဘူး။ မိဘတွေ ကွယ်လွန်တဲ့အခါတော့ နာရေးကူညီငွေအဖြစ် ငါးထောင်တော့ပေးတယ်။ ခွင့်ယူရင်၊ ခွင့် တိုင် တိုင် ၊ မတိုင်တိုင် ရက်ပျက်တယ်လို့ သတ်မှတ်ပြီး လခထဲက ဖြတ်တယ်။

စက်ချုပ်အလုပ်သမားတယောက်ဆိုရင် တယောက်ရဲ့ တနာရီ၊ တနေ့ စံချိန်နဲ့ မလုပ်ရဘူး။ နင်းကန်ပြီး ခိုင်းတယ်။ အလုပ်ကြပ် (Supervisor)ကနေတဆင့် ကလေးတွေကို အရမ်း ထိမ်းချုပ်ပြီး မတန်တဆ အထည်ထွက်အောင် ခိုင်းတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံသား စက်ရုံကိုကြီးကြပ်တဲ့ မစ္စတာဂင်းဆိုတဲ့သူက မတောက်တခေါက် မြန်မာစကားနဲ့ အလုပ်သမားတွေကို နင်းကန် ပြောတယ်။ ဆဲဆိုတာ၊နှိပ်ကွပ်တဲ့စကားမျိုး ပြောတာ ရှိတယ်။ အမှုဆောင် ဒါရိုက်တာ ဆိုတာကလည်း အလုပ်သမားတွေ ဖြစ်ပျက်နေတာကို ဘာမှ မသိဘူး။

ကျန်းမာရေး မကောင်းဘူးဆိုရင် အလုပ်သမားရုံး၊ လူမှုဖူလုံရေးရုံးက စာရွက်စာတမ်းပါမှ ခွင့်ပေးတယ်။ အဲဒီ အခွင့်အရေးကလည်းနားလည်မှ ရတာ။ စက်ရုံတာဝန်ရှိသူတွေက လုပ်ပေးတယ်ဆိုတာ မရှိဘူး။ တချို့ဆို အဲဒီ အခွင့်အရေးကို နားမလည်လို့ အလုပ်ကထွက်သွားရတာတွေ ရှိတယ်။ အလုပ်သမားတွေ အချိန်ပိုလုပ်ခ နှစ်ထောင်ဆိုတာကလည်း ၂၀၀၉ ခုနှစ်ကမှ ပေးတာပေါ့ နော်။ အရင့်အရင်နှစ်တွေကဆိုရင် အချိန်ပိုလုပ်ခကို လခထဲမှာ ထည့်ပေးတယ်ဆိုတာကိုပဲ သိရတယ်။ အလုပ်သမားအချင်းချင်း အဆင်ပြေတဲ့သူကိုလခတိုးပေးတယ်။ အဆင်မပြေတဲ့သူကို တိုး မပေးဘူး။ ခွဲခြား ဆက်ဆံမှုတွေ ရှိတယ်။

အလုပ်သမားပေါင်း နှစ်ထောင်ခန့် အလုပ်လုပ်ကိုင်နေကြပါတယ်။ သမီးတို့ မနက် ၇ နာရီခွဲကနေ ည ၈ နာရီ ၁၅ မိနစ်အထိအလုပ်လုပ်ရပါတယ်။ အလုပ်လုပ်ချိန် ၁၂ နာရီ ရှိပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်ကို အလုပ်ချိန်ထဲက မပေးထားပါဘူး။ မနက် ၇ နာရီခွဲမှာ အလုပ် စဆင်းပြီး နေ့လည် ၁၂ နာရီကို ထမင်းစား ဆင်းပါတယ်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ထမင်းစားချိန်ပြီးသွားတယ်။ ည ၈ နာရီ ၁၅ မိနစ်အထိ အလုပ် ဆက် လုပ်ရတယ်။ အလုပ်တက်ချိန် ဘဲလ် တီးတာဆိုရင် မနက် ၇ နာရီခွဲကို အလုပ်ဆင်းဖို့ ဆိုပေမယ့် ၇ နာရီမခွဲခင် ၅မိနစ်မှာ ဘဲလ်ကို ကြို တီးတယ်။ ဘဲလ်တီးတာကို ကိုရီးယားလူမျိုး မစ္စတာ ဂင်း ချုပ်ကိုင်ထားတာ။ လုပ်ငန်းက ကိုရီးယားနဲ့ မြန်မာနဲ့ ဖက်စက်လုပ်တာ။ မစ္စတာဂင်းက အလုပ်ရုံကို ကြီးကြပ်တာပေါ့။ စက်ရုံတရုံလုံးမှာ ကိုရီးယားက ၄ ယောက် ရှိတယ်။ စက်ချုပ်တဲ့ဘက်၊ အ၀တ်လျှော်တဲ့ ဘက်၊ ရုံးလုပ်ငန်းလုပ်တဲ့သူ ကိုရီးယားတွေလည်း ရှိတယ်။“ လို့ ပြောပြပါတယ်။

အခြား အလုပ်သမားတဦးကလည်း “ကျွန်တော်တို့ရဲ့ အခြေခံလစာကို တွက်လို့ မရဘူး။ ဘယ်လိုလဲဆိုတော့ ရက်ပျက်မရှိရင် တလကိုသုံးသောင်း ခုနှစ်ထောင် ရတယ်။ ရက်ပျက်ရင် ရက်မှန်ကြေး၊ ထမင်းစရိတ်၊ အပိုကြေးတွေ အကုန် နှုတ်ပစ်တယ်။ တရက်ပျက်တယ်ဆိုရင်အပိုကြေး ခြောက်ထောင်ထဲက နှစ်ထောင်ကို ဖြတ်ပစ်လိုက်တယ်။ လုပ်သက် ဆယ်နှစ်လောက်ရှိလည်း နေ့စားလိုပဲ သဘောထားတယ်။ကျွန်တော်တို့က ရက်ပျက်တယ်ဆိုရင်လည်း ခွင့်ပေးစေချင်တာပေါ့။ မစ္စတာဂင်းက မိုက်ရိုင်းတယ် ဗျ။ တခါတလေ မြန်မာလို ဆဲတယ်။အလုပ်သမားအများစုက သူ့ကို မကြေနပ်ဘူး။

အလုပ်သမားအချင်းချင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ရင် သူက မကြိုက်ဘူး။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီးအလုပ်သမားရုံးကို ဘယ်လို တင်ပြရမှန်း မသိအောင် ဖြစ်နေတယ်။ စက်ရုံအရာရှိတွေက မြန်မာတွေပါ။ အထူးသဖြင့် မန်နေဂျင်းဒါရိုက်တာဒေါ်မီမီခိုင်ဆိုရင် ကိုယ့်မြန်မာတွေဘက်က မရပ်တည်ဘဲနဲ့ နှိပ်ကွပ်တယ် ပေါ့ဗျာ။“ လို့လည်း စက်ရုံရဲ့ အခြေအနေမှန်ကို ရှင်းပြပါတယ်။

မြန်မာပြည်တွင် အထည်ချုပ်စက်ရုံများစွာ ရှိပြီး ၁၉၉၀ လွန်နှစ်များက စတင် လုပ်ကိုင်လျက် ရှိပါတယ်။ စတင် ဖွင့်လှစ်စဉ်အလုပ်သမားများရဲ့ အခြေခံလစာကို အမေရိကန်ဒေါ်လာတရာခန့်အထိ ပေးရန် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မြန်မာအာဏာပိုင်များဘက်ကအလုပ်သမားခများကို ဈေးနှိမ်ခဲ့ရာက အစပြုကာ အခုချိန်အထိ အခြေခံအလုပ်သမားများ ဟာ အလုပ်သမား အခွင့်အရေးအားလုံးနီးပါးဆုံးရှုံးကာ အလုပ်လုပ်ကိုင်နေကြရပါတယ်။

အခြေခံ စက်ချုပ် လုပ်သားများဟာ တနေ့ကို အလုပ်လုပ်ချိန် ၁၂ နာရီနဲ့ တပတ်ကို ၆ ရက်၊ စုစုပေါင်း အလုပ်လုပ်ချိန် ၇၂ နာရီကြာအောင်အလုပ်လုပ်ကြမှာသာ တလကို မြန်မာကျပ်ငွေ လေးသောင်းခန့်သာ ရရှိကြပါတယ်။ ရန်ကုန်နေ သာမာန်အိမ်ထောင်စု တစုရဲ့တလကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်တသိန်းမှ နှစ်သိန်းကျော်အထိ ရှိတာမို့ အထည်ချုပ် စက်ရုံ အခြေခံဝန်ထမ်းများဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ကြပ်ကြပ်တည်းတည်း ရုန်းကန်နေကြရပါတယ်။

burmatoday မှထပ်မံကူးယူဖော်ပြပါသည်၊

ထိုင်းအလုပ်သမားများ လစာတိုးမည့်အနက် မြန်မာ အလုပ်သမားများ ပါဝင်

ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို လစာတိုး ပေးရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုလည်း လုပ်အားခ တိုးပေးမည်ဟု ထိုင်းဝန်ကြီးများ အစည်းဝေး ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ခရိုင် (၇၆) ခုအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအားလုံး လစာများတိုးမြင့်ပေးမည်ဟု ယမန်နေ့တွင်ပြုလုပ်သည် ဝန်ကြီးများအဖွဲ့အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအဖွဲ့ NCGUB မှ အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ခံ ဦးသက်ခိုင်ကယခုလိုပြောသည်။

“အခုပေးတဲ့ဟာက ထိုင်းအလုပ်သမားနေ့စားအလုပ်သမားတွေကိုအဓိကပေးမှာ။ ထိုင်းအလုပ် သမားတွေကို ရည်ရွယ်တယ်ဆိုပေမယ့် ဒီရွှေ့ပြောင်းအလုပ်သမားအားလုံးလည်း အဲ့ဒီထဲမှာပါ လိမ့်မယ်။ ပါမယ်ဆိုတဲ့အခါကြတော့ အခြေခံလုပ်အားခကို တိုးပေးမှာလေ။”

လာမည့် ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှစတင်၍ လုပ်အားခများကို ခရိုင်အလိုက်သတ်မှတ်ကာ တရက်လျှင်အနိမ့်ဆုံးလုပ်အားခကို ထိုင်းငွေ (၈) ဘတ်မှ (၁၇) ဘတ်ထိတိုးပေးသွားရန်ရှိပြီး နေ့စားနှင့် လစားအလုပ်သမားများကို လုပ်ငန်းအလိုက် တိုးပေးမည်ဖြစ်သည်။

ယခုလိုတိုးမြှင့်ပေးသည့်အပေါ် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးနှစ်ဖက်အဆင်ပြေမှုရနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်းယင်းကိစ္စ မဖြစ်နိုင်ကြောင်း ဖူးကက်မှ မြန်မာရွှေ့ပြောင်း ပန်းရံအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

“နေ့စားခတိုးပေးမယ်ဆိုတာက မဖြစ်နိုင်ဘူးဗျ။ ဒီလိုကိစ္စတွေကသိပ်မဖြစ်နိုင်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ကျနော်တို့အလုပ်သမားတွေဘက်က ရပ်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူးလေ။ ပါးစပ်ကပဲတိုးပေးတာ။ အရင်နှစ်တွေတုန်းကလည်းဒီလိုပဲ။ တိုးပေးမယ်ဆိုပြီးပါးစပ်က ပဲတိုးပေးတာ။ လက်တွေ့ကျကျတိုးပေးတာမရှိဘူးဗျ။ သူတို့ထိုင်းအလုပ်သမားဆိုရင်တော့ရမှာပဲ။ ဘာလို့ လဲဆိုတော့ သူတို့ကိုက တိုးပေးမယ်လို့ပြောထားတာကို မတိုးပေးရင် တိုင်လို့ရတယ်လေ။ အဲ့ဒီတော့ ထိုင်းတွေကိုတော့ တိုးပေးမှာပဲ။ ကျနော်တို့ မြန်မာတွေကိုတော့ မဖြစ်နိုင်ဘူး။”

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ယခုလို လစာတိုးမြှင့်လာသည့်အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အလုပ်ရှင်နှင့်အလုပ်သမားကြား ဖြစ်ပွားနေသည့် ပြဿနာများအား တစ်စိတ်တပိုင်း ပြေလည်စေရန် ထိုင်းအစိုးရမှညှိနှိုင်းပေးခြင်း ဖြစ်သည်ဟု ဦးသက်ခိုင်က သုံးသပ် ပြောဆိုသည်။

“တခုရှိတာက အလုပ်ရှင်လည်း အလုပ်သမားတွေဘက်ကနေ လုပ်အားကိုများများလိုချင်တယ်။ လုပ်ခကိုတော့ နည်းနည်းပဲပေးချင်တယ်။ ဒါကလည်း အစဉ်အဆက်ကိုရှိခဲ့တာကိုးဗျ။ ဒီအနေ အထားတွေပေါ်မူတည်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကလည်း ဒီပြဿနာတွေကို သေချာစဉ်းစားတယ်၊ လိုက်လျောညီထွေအောင် လုပ်ငန်းရှင်ကော အလုပ်သမားကောပေါ့ဗျာ။ ကျနော်ထင်တာကတော့ ဒီကိစ္စကတော့ပေးရမှာပဲ။ အလုပ်သမားထုရဲ့လိုအပ်ချက်ကိုဖြည့်ပေး ရမှာပဲလေ။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် အလုပ်သမားခကတော့ တိုးပေးမှာပဲ။”

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုသည်။

သတင်းနှင့်မီဒီယာ ကွန်ယက် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများသိစေရန်

ထိုင်းနိုင်ငံတွင်းရှိရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေ ပေးဆောင်ရတော့မည်

၂၀၀၈ခုနှစ်ပြည်ပအလုပ်သမားများအလုပ်လုပ်ကိုင်ခြင်းဆိုင်ရာဥပဒေအရ နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေ ထူ ထောာင်ရန် စည်းမျဉ်းတစ်ရပ်ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ထိုင်းအစိုးရကလက်မှတ်ရေးထိုးခဲ့ပါ တယ်။ အဲဒီစည်းမျဉ်းဟာ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေမှာ စတင်အသက်ဝင်(အကောင်အထည်ဖေါ်ဆောင်) လာမှာဖြစ်ပါတယ်။ စည်းမျဉ်းပါအချက်တွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမား များအနေနဲ့ အလုပ်ရှင်တွေကတဆင့် နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေပေးဆောင်ပုံနဲ့ လက်ခံဖြတ်ပိုင်းများရယူပုံအ ဆင့်ဆင့်ကိုဖေါ်ပြထားပါတယ်။

- ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) ကိုင်ဆောင်ထားသူများ၊ ယာယီပတ်စ်ပို့ကိုင်ဆောင်ထားသူများ၊ သဘောတူနားလည်မှုစာချုပ်နှင့်အညီထိုင်းနိုင်ငံတွင်းအလုပ်လုပ်နေ သူများအနေဖြင့် နေရပ်ပြန်လည်ပို့ဆောင်ရေးရံပုံငွေထည့်ဝင်ရမှာဖြစ်ပါတယ်။ ပေးသွင်းရမည့်ငွေပမာဏကို လုပ်ငန်းရှင်က ရွှေ့ပြောင်းအလုပ်သမားများ၏လုပ်အားခထဲမှနှုတ်ယူပြီး ၂၀၁၁ ခုနှစ်ဇန်န၀ါရီလ (၁၇) ရက် နေ့နောက်ဆုံးထားပြီး ပထမအရစ်အဖြစ်ပေးရပါမယ်။ ပြည်နယ်အလုပ်သမားရေးရာရုံးများ သို့မဟုတ် ဘန် ကောက်ရှိနိုင်ငံခြားသားအလုပ်သမားများအုပ်ချုပ်ရေးရုံးတွင်သွားရောက်ပေးဆောင်ကြရပါမယ်။ အလုပ်သ မားရေးရာဌာနကအသိအမှတ်ပြုထားတဲ့ စီးပွားရေးဘဏ်များ၊ စာတိုက်ရုံးတွေနဲ့ အခြားနေရာတွေမှာလည်း သွားရောက်ပေးသွင်းနိုင်ပါတယ်။

- လုပ်ငန်းရှင်အနေနဲ့ရံပုံငွေပေးဆောင်တဲ့အခါတိုင်းမှာပြေစာဖြတ်ပိုင်းရရှိမှာဖြစ်ပါတယ်။ အဲဒီပြေစာဖြတ်ပိုင်းကို သက်ဆိုင်ရာအလုပ်သမားကိုပေးအပ်ရပါမယ်။

- ပေးဆောင်ရမည့်ငွေစုစုပေါင်းဟာနိုင်ငံသားအလိုက်မတူကြပါဘူး။ ကမ္ဘောဒီးယားနိုင်ငံသားများက တစ်ဦး လျှင် ဘတ် ၂၁၀၀ ( နှစ်ထောင့်တစ်ရာဘတ်) ဖြစ်ပြီး လာအိုနှင့်မြန်မာနိုင်ငံသားများအနေနဲ့တော့တစ်ဦးလျှင် ဘတ် ၂၄၀၀ ( နှစ်ထောင့်လေးရာ) ပေးဆောင်ရမှာဖြစ်ပါတယ်။

- ပေးဆောင်ရမည့်ငွေအား (၆)လခွဲ၍လစဉ်(၁၅) ရက်နေ့တိုင်းမှာ အရစ်ကျပေးသွင်းရပါမယ်။ အဲဒီ (၆) လအတွင်းမှာ လာအိုနဲ့မြန်မာနိုင်ငံသားအလုပ်သမားများက တစ်ကြိမ်လျှင် ( တလလျှင်) ဘတ် ၄၀၀ (လေးရာဘတ်) နှင့် ကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမားများအနေနဲ့ ဘတ်၃၅၀ (သုံးရာ့ငါးဆယ်) ပေးရမှာ ဖြစ်ပါတယ်။

- ငွေပေးသွင်းထားသောအလုပ်သမားများအနေနဲ့ အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးလို့မိမိနိုင်ငံကိုတရားဝင်ပြန် တော့မယ်ဆိုရင်ပြန်ထုတ်ယူလို့ရပါမယ်။ ဒါပေမဲ့ ဘယ်လိုပြန်လည်ထုတ်ယူနိုင်တယ်ဆိုတာကိုတော့ လုပ်ထုံး လုပ်နည်းများမသတ်မှတ်ရသေးပါဘူး။ နောက်ပိုင်းထုတ်ပြန်မယ့်စည်းမျဉ်းများတွင်ပါဝင်မည်ဟုသာသိရပါ တယ်။

မယ်လစခန်းတွင် ဆယ်ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား

ဒီဇင်ဘာလ ၆ရက်။ (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့က ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဆယ်ကျော်သက်လူငယ်က ကျူးလွန်သည့် မုဒိမ်းမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အဆိုပါမိန်းကလေးကို ယမန်နေ့ မနက် ၉နာရီကျော်အချိန်တွင် စခန်းအပြင်နား တွင် ဟင်းသီးဟင်းရွက် ရှာနေစဉ် ထိုရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ် ယောက်ျားလေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ဟု ဇုံဘီ ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ တာဝန်ရှိသူတဦးက ပြောသည်။

သူမက “ကလေးမရဲ့ အဖေအမေတွေ ပြောတာက ကလေးမက သူ့ သူငယ်ချင်းတယောက်နဲ့အတူ ဇုံဘီရဲ့ ကားလမ်းမကြီးတဖက် မှာ ဟင်းသီးဟင်းရွက် ရှာနေတဲ့အချိန်။ ကောင်လေးက အဲဒီမှာ သူ့မိဘ ခြံလုပ်တယ်လေ။ အဲဒါ သူတို့တွေ့ကြတော့ ကောင်လေး က ကလေးမရဲ့ သူငယ်ချင်းကို ပိုက်ဆံပေးပြီး မုန့်သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ကလေးမကို အဓမ္မပြုကျင့်တာလို့ ပြော တယ်။”ဟု ကေအိုင်စီကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူ ယောက်ျားလေးကို စခန်းလုံခြုံရေးများက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျူးလွန်ခံရသူကို လက် ရှိအချိန်တွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ခံယူနေကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသည် မယ်လစခန်းထဲတွင် တတိယတန်း ကျောင်းသူလေးအဖြစ် ပညာသင်ကြားလျှက်ရှိပြီး ယခုလို ဖြစ်ရသည့် အတွက် စိတ်ထိခိုက်ရကြောင်း သူမကို အုပ်ထိန်းနေသည့် အစ်မဖြစ်သူက ကေအိုင်စီကို ပြောသည်။

“ကျမညီမက ကလေးစိတ်ပဲ ရှိသေးတယ်။ ဘာအပျိုလူပျိုစိတ်မှ မရှိဘူး။ အိမ်မှာလည်း တူ၊ တူမတွေကို ၀ိုင်းကြည့်ပေးတယ်။ အဲဒီ နေရာက အရင်က သူ သွားနေကျပဲလေ။ မနေ့က ကျောင်းပိတ်လို့ သူငယ်ချင်းနဲ့ သွားတာ။ ဒီလိုကြုံရမယ်လို့ တခါမှ မထင်မိခဲ့ဘူး။ သူ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။”ဟု ပြောသည်။

မယ်လစခန်း လူမှုရေးတာဝန်ခံ နော်ဒေးဒေးဖိုးက “လောလောဆယ်တော့ ကျူးလွန်တဲ့ လူငယ်ကို ထွက်မပြေးရအောင် စခန်းအ ချုပ်ခန်းမှာ ယာယီ ထိန်းသိမ်းထားတယ်။ ဒီလို ရာဇ၀တ်မှုမြောက်တာဆိုရင် စခန်းအနေနဲ့က ထိုင်းလက်ထဲကိုအပ်ပြီး ထိုင်းဥပဒေနဲ့ ပဲ ဖြေရှင်းစေတယ်လေ။ အသက်မပြည့်သေးပေမဲ့လည်း မုဒိမ်းမှု၊ လူသတ်မှု ကျူးလွန်သူတွေလည်း ရှိနေတော့ ထိုင်းနိုင်ငံရဲ့ ကလေးဥပဒေနဲ့ သူတို့ ဖြေရှင်းသွားမှာပဲလေ။ ဒါပေမဲ့ ရာဇ၀တ်မှုတစ်ခုရဲ့ ဖြစ်ပျက်ပုံကိုတော့ စခန်းစည်းကမ်းအရ ပြောဆိုပိုင်ခွင့် မရှိဘူး။”ဟု ကေအိုင်စီကို ပြောသည်။

စခန်းအတွင်း ကျန်းမာရေးပညာပေးလုပ်ငန်း လုပ်ဆောင်နေသည့် IRC လက်အောက်မှ GBV-Gender Base Violence အဖွဲ့က လည်း ၎င်းတို့ပညာပေးနေသည့်ကြားမှ ယခုလို အသက်မပြည့်လူငယ်များအကြား မုဒိမ်းမှုများ ဖြစ်ပွားနေရသည့် အကြောင်းရင်းကို စစ်တမ်းကောက်ခံမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

လူဦးရေ ငါးသောင်းခန့် နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူ မုဒိမ်းမှုမျိုးအပြင် ခိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များလည်း ယခင်က မကြာခဏ ဖြစ်ပွားခဲ့သည်။

kicnew.org မှ ကူးယူဖော်ပြပါသည်၊

ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆ

By ဒေါ်ခင်မျိုးသက် တနင်္လာ, 06 ဒီဇင်ဘာ 2010

မလေးရှားနိုင်ငံကို တရားမ၀င် လာရောက်သူတွေကို ကြိမ်ဒဏ်ပေး ဒဏ်ခတ်မှုတွေဟာ ညှဉ်းပန်းနှိပ်စက်မှုတမျိုး ဖြစ်တာကြောင့် ဒါကို ချက်ချင်း အဆုံးသတ်ပေးဖို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဒီနေ့ A Blow to Humanity လူမဆန်တဲ့ လုပ်ရပ်ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီလို ကြိမ်ဒဏ်ခံရသူတွေထဲမှာ မြန်မာတွေလည်း အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ ကြိမ်ဒဏ်ခံရပြီးနောက်ပိုင်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင် ခံစားရသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င် လာရောက်သူတွေအတွက် ကြိမ်ဒဏ်ပြစ်ဒဏ် သတ်မှတ်ထားပြီး ဒီလို ပြစ်ဒဏ်ချမှတ်တာဟာ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှု အဖြစ်နဲ့ သတ်မှတ်ထားတဲ့ စံနှုန်းထဲကို ၀င်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မလေးရှား တာဝန်ခံ လန့်စ် လက်တစ်က အခုလိုပြောပါတယ်။
“မလေးရှားမှာ ကြိမ်ဒဏ် အရိုက်ခံရတဲ့ လူ ၅၀ ကျော်ကို လူတွေ့မေးမြန်းပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတကာ သတ်မှတ်ထားတဲ့ ညှဉ်းပန်းနှိပ်စက်မှု စံနှုန်းနဲ့ ကြည့်တဲ့အခါမှာ ဒီလို နှိပ်စက်မှုတွေကို ခံစားရဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်ပေးတာကို တွေ့ရတာမို့ ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုရတာပါ။”

မလေးရှား အစိုးရဟာ ၂၀၀၂ ခုနှစ်မှာ ကြိမ်ဒဏ် အပြစ်ပေးမှုကို တရားဝင် စတင် ပြဋ္ဌာန်းခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ကြိမ်ဒဏ်ပြစ်ဒဏ် ပေးခဲ့သလို ကြိမ်ရိုက်သူတွေကိုလည်း အထူး လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။

“ကြိမ်ဒဏ် အပြစ်ပေးရတဲ့ ထောင်ဝန်ထမ်းတွေကို အထူးလေ့ကျင့်ပေးထားတာ တွေ့ရပါတယ်။ ၀န်ထမ်း ၁၀၀ မှာ ၅ ယောက်ပဲ ကြိမ်ရိုက်ခွင့်ရပြီး သူတို့ဟာ လူသန်၊ လူထွားကြီးတွေပါ။ သူတို့ဟာ တနာရီ မိုင် ၁၀၀ နှုန်းလောက်ရှိတဲ့ အရှိန်နဲ့ အကျဉ်းသားကို ရိုက်ရပါတယ်။ ဒါကြောင့် ကြိမ်ဒဏ်ခံရသူတွေရဲ့ အသားပေါ်တင် မကဘူး၊ အတွင်းက ကြွက်သားတွေ၊ အဆီပြင်တွေပါ ထိခိုက်ပြီး အရေပြားပေါ်မှာ အရှိုးရာတွေ ထင်စေပါတယ်။ အများစုဟာ မေ့မျောသွားကြသလို ဆီးတွေ၊ ၀မ်းတွေပါ မထိန်းနိုင် ဖြစ်သွားပါတယ်။ ကြိမ်ဒဏ်ပေးပြီးတဲ့ အခါမှာလည်း အပေါ်ယံ ဆေးထည့်ပေးရုံကလွဲပြီး ဆေးဝါးကုသမှု ပေးတာမျိုး မရှိပါဘူး။”

ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့ အကျဉ်းထောင် ၀န်ထမ်းတွေကို မလေးရှား အစိုးရက အရေးယူတာမျိုး မလုပ်တဲ့အပြင် ကြိမ်ဒဏ်ရိုက်ချက် တခုစီအတွက် အပိုဆုကြေး ပေးတာမို့ ရိုးရိုး ထောင်ဝန်ထမ်းထက် သူတို့ဟာ ၀င်ငွေ ၂ ဆလောက် ရကြတယ်လို့လည်း ပြောပါတယ်။ ဒီလို ကြိမ်ဒဏ် အပြစ်ပေးမှုအတွက် ခွင့်ပြု ကြီးကြပ်ရသူ ဆရာဝန်တွေဟာလည်း ဆရာဝန်ကျင့်ဝတ်နဲ့ မညီတဲ့အတွက် ဒီတာဝန်တွေကို ငြင်းပယ်ဖို့ သင့်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၅ ခု နှစ်ကုန်ပိုင်းမှာ မလေးရှားနိုင်ငံကို ရောက်လာသူ မြန်မာတဦးကတော့ ဒီလို တရားမ၀င် လာရောက်ရင် ကြိမ်ဒဏ် အပြစ်ပေးလေ့ရှိတယ် ဆိုတာကို အရင်က မသိခဲ့ဘဲ တရားရုံးရောက်မှ သိခဲ့ရကြောင်းနဲ့ သူအပြစ်ပေးခံရပုံကို အခုလို ပြောပြပါတယ်။

“အဲဒီမှာ ကျနော့်ကို ဘယ်လိုရိုက်လဲဆိုတော့ အရာရှိ တွမ်တယောက် ရှိပါတယ်။ တွမ်ရှေ့မှာ ကျနော့်ကို ပြန်ပြီး လက်မှတ်တခါ ထပ်ထိုးရတယ်။ ကျနော့်ကို စိတ်ငြိမ်ငြိမ်ထားခိုင်းတယ်။ အပြစ်ရှိတဲ့အတွက် ကြိမ်ဒဏ်ရိုက်မယ် ဆိုတဲ့အကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော့်ကို ခပ်၀၀ လူကောင်ကြီး အကြီးကြီးတွေ ၂ ယောက်က တယောက်တဘက်စီ လက်မောင်းက ဆွဲပြီးတော့ ယေရှုခရစ်တိုင်လို ဟာမျိုးကြီး၊ တိုင်ကြီးနဲ့ ကပ်ပြီးတော့ တင်ပါးနဲ့ခါးကို စည်းပြီးတော့ ထားထားပါတယ်။

“ပြီးတော့ ရိုက်ဖို့အတွက် အဆင်ပြေအောင် ကျနော့်ဘေးနားမှာ ၂ ယောက်ရှိတယ်။ ၂ ယောက်မှာ တယောက်ကတော့ ကြိမ်လုံးကို ကိုင်ထားတယ်။ ကိုင်ထားတဲ့အခါမှာ ကြိမ်လုံးကတော့ ရိုက်ဖို့အတွက် ဟန်ရေးပြ ပြင်နေတာပေါ့။ ကိုယ်ကတော့ မကြည့်ရဲဘူး၊ ကြောက်တယ်လေ။ ရိုက်မယ်၊ စရိုက်ဆိုတဲ့အခါမှာ ကျနော့်ကို စရိုက်တယ်။ နံပါတ်တစ် စရိုက်တယ်၊ တခါဆွဲလိုက်တယ်။ နောက်တခါ ထပ်ရိုက်တယ်၊ နောက်တခါ ထပ်ဆွဲလိုက်တယ်။ တင်ပါးမှာရိုက်တဲ့ကြိမ်ဒဏ် ၂ ခုက မထပ်ဘူးပေါ့။ အရာ ၂ ခုက မထပ်ဘူး။ တခုစီ တခုစီ ဖြစ်သွားတယ်။

“ပြီးသွားတော့ ကျနော့်ကို အဆောင် ပြန်ခေါ်သွားတယ်။ အဆောင်ခေါ်သွားပြီး ဆေးသွားထည့်ရတယ်။ အဲဒီအချိန်မှာ ကျနော့်ရဲ့ ခံစားမှုက အရမ်း ပင်ပန်းတာပေါ့။ လူက ခေါင်းတောင် မူးသွားတယ်ပေါ့။ Pressure တွေဘာတွေ ထိုးကျပြီးတော့ ထတောင် မထနိုင်တော့ဘူး၊ ချိကုန်သလို ဖြစ်သွားတယ်။”
အခုလို ခံစားခဲ့ရသလို နောက်ပိုင်းမှာလည်း လူရော စိတ်ပါ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ကျန်းမာရေးကတော့ မကောင်းဘူးခင်ဗျ။ ခါးတွေ နာတာပေါ့။ အလေးအပင်မတဲ့ အခါကြရင် ပိုသိသာတယ်။ ကြိမ်ရိုက်တဲ့ဒဏ်ကြောင့် ခါးအောက်ပိုင်းတွေ မိုးအေးတဲ့အခါ အရမ်းနာတယ်၊ ကိုက်ခဲတယ်ပေါ့။ တချို့လူတွေဆိုရင် ရိုက်ပြီးပြီးချင်းမှာကို မေ့သွားတဲ့သူတွေ ရှိပါတယ်။ သတိမရတော့ဘူး။ နာရီဝက်လောက်ကြာမှ သတိပြန်ရလာတာပေါ့၊ မခံနိုင်တော့။ ဒီကြိမ်လုံးကြီးကို မြင်တဲ့အချိန်မှာကိုက ကြောက်စိတ်တွေက အရမ်းထနေတာ။ အဲဒါမျိုးတွေ ဖြစ်တာပေါ့။”

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR ရုံးက ရိုဟင်ဂျာနဲ့ ချင်းအမျိုးသား အများစု အပါအ၀င် မြန်မာဒုက္ခသည် ၃၀၀,၀၀၀ ရှိနေတယ်လို့ စက်တင်ဘာလထဲမှာ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်များဆိုင်ရာ အဖွဲ့ တာဝန်ခံ ကိုသူရအောင်ကတော့ ဒီ အသိအမှတ်ပြု ခံရတဲ့ ၃၀၀,၀၀၀ အပြင် နောက်ထပ် တရားမ၀င် နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ၃၀၀,၀၀၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။ တရားမ၀င် လာရောက်သူတွေကို ကြိမ်ဒဏ်နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုတွေ မလေးရှားနိုင်ငံမှာသာ မက စင်ကာပူနိုင်ငံမှာလည်း တွေ့ရပါတယ်။

ဗွီအိုအေ သတင်းဌာနမှ ထပ်မံကူးယူဖော်ပြပါသည်၊