မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

ဆောက်လက်စ ပြောင်းဖူးဂိုဒေါင်ပြိုကျတာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး ဒဏ်ရာရ

PAung

ဒီကနေ့ မဲဆောက်မြို့ မဲထော်သလေးရွာမှာ ဆောက်လက်စ ပြောင်းဂိုဒေါင်တခုပြိုကျခဲ့ရာ မြန်မာရွှေ့ပြောင်း ဆောက်လုပ် ရေး အလုပ်သမား ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆောက်ဦးနံရံကို မြန်မာ ပန်းရံသမားတွေက အချောကိုင်နေတုန်းမှာ နံရံပြိုကျလာပြီး ခုလို ဒဏ်ရာရကုန်ကြတာလို့ သိရပါတ်။

အခု ဒဏ်ရာရသူအားလုံးကို မယ်တော်ဆေးခန်းမှာ တက်ရောက်ကုသနေပါတယ် အဲဒီထဲကမှ ဒဏ်ရာပြင်းထန်သူ ၈ ဦး ကိုတော့ မဲဆောက်ဆေးရုံကြီးကိုပို့ထားတယ်လို့ သိရှိရပါတယ်။


နေ့သစ် ဘလောဒ့်မှ ထပ်မံကူးယူဖော်ပြပါသည်၊

မြန်မာအလုပ်သမားများကွန်ယက်

0 comments:

Post a Comment