မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

မြန်မာအလုပ်သမား ၉ ဦး အသက်ခံရ

ဇန်န၀ါရီလ ၂၆ ရက်နေ့က ဘန်ကောက်မြို့သို့အလုပ်လုပ်ရန်အသွား ဖုတ်ဖရားမြို့နယ် တောလမ်းခရီးတ နေရာတွင် မြန်မာပြည်သား ၉ ဦးအသတ်ခံခဲ့ရပါသည်။
၎င်းတို့မှာ (၁) စောဒီးဒုံ၊ အသက် ၂၈ နှစ်၊ (၂) စောတူအောင်၊ အသက် ၃၃-နှစ်၊ (၃) နော်တင်ချိုအေး၊ အသက် ၂၈ နှစ်၊ (၄) မူးချဲချဲ၊ အသက် ၂၈-နှစ်၊ (၅) စောကျော်ဦး၊ အသက် ၂၇ နှစ်၊ (၆) နန့်ကျွန်အေး၊ အသက် ၃၂ နှစ်၊ (၇) နန့်အေးချို၊ အသက် ၂၃ နှစ်၊ (၈) စောအကုံ၊ အသက် ၂၈ နှစ် တို့ဖြစ်ပါသည်။
တွေ့ရှိသည့် အလောင်း ၈ လောင်းကို မဲဆောက်မြို့ဝပ်ဒကယောက် သုသန်တွင် ၁၃၊၂၊၂၀၁၀ နေ့တွင် မီးသဂြိုလ်ခဲ့သည်။







0 comments:

Post a Comment