![]() ထိုင်းနိုင်ငံရဲ့ဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ထားရှိပြီး ယခုအိုမီကာစက်ရုံမှ အလုပ်သမားများသည် တစ်ရက်လုပ်အားခ ၂၂၆ ဘတ်ကို ရရှိသည့်အတွက် စက်ရုံမန်နေဂျာက OT(အချိန်ပို) လုပ်ရန် မခေါ်တဲ့အပြင် စက်ရုံမှာလည်းနေခွင့်မရှိဘူး။ အပြင်မှာ မိမိဘာသာနေထိုင်ရမည်၊ အစားအသောက်ကိုလည်း မိမိစရိုက်နဲ့ချက်စားရမည်၊ လုံခြုံရေးအတွက်ကိုလည်း မိမိဘာသာ တာဝန်ယူရရမည်ဟု အလုပ်သမားတစ်ဦး ပြောပြချက်အရ သိရသည်။ အခုလိုမျိုး ရွှေ့ပြောင်းအလုပ်သမားများနှင့် စက်ရုံပိုင်ရှင် သူဌေးတို့အကြား ပဋိပက္ခတွေကို စဝပ်ဒီးခါ့ရုံး၊ အလုပ်သမားခေါင်းဆောင် ကိုပီတာနှင့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ အဓိကတာဝန်ခံ ထွန်းနိုင်တို့က ဦးဆောင်ပြီး ကြားဝင်ဖြေရှင်းပေးတဲ့အပြင် အလုပ်သမားများကို စက်ရုံမှတာဝန်ယူလုပ်ဆောင် မပေးတဲ့အရာတွေကို သူတို့က တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်ကိုလည်း သိရှိရသည်။ တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ရရှိသည်နှင့်ပတ်သတ်၍ ကျေနပ်မှုရှိမရှိ အလုပ်သမားတစ်ဦးကို Arakan Times က မေးမြန်းသောအခါ သူကအခုလိုပြောပြသည်။ " ကျနော်ကတော့ အရမ်းကိုကျေနပ်အားရ ဝမ်းသာဖြစ်မိပါတယ်။ ဘာဖြစ်လဲလို့ဆိုတော့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေသတ်မှတ်ချက်အရ တစ်ရက်လုပ်အားခ ၂၂၆ ဘတ် ရတယ်။ နောက်ပြီးတော့ မဲဆောက်မှာ ဘယ်စက်ရုံမှ မရဖူးတဲ့နေ့စားခကို အခု ကျနော်တို့ ရရှိတဲ့အတွက်ကြောင်း ပျော်ပါတယ်။ ကျနော်တို့အလုပ်သမားများတွေကို အားလုံးအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ စဝပ်ဒီးခါ့ရုံး၊ ကိုပီတာနှင့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ " ဟု သူက ပြေသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သည် တစ်ခြားမြို့များထက် အလုပ်ခလစာနည်းပါးနေသည့်အတွက် အခုလိုမျိုး စနစ်တကျ ဆန္ဒပြတောင်းဆိုခဲ့ရာမှ အောင်မြင်မှုကိုရရှိခြင်းဖြစ်သည်ဟု သိရှိရသည်။ ဆန္ဒပြနေသည့် ရက်ပိုင်းများတွင် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းကြည် ထိုင်းနိုင်ငံရဲ့ခရီးစဉ်မှာ ထိုင်းဝန်းကြီးချုပ် ယင်လတ်နှင့် အလုပ်သမားအရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့တဲ့အတွက်ကြောင့် အလုပ်သမားများတွေ ချော့ချော့မော့မော့ အဆင်ပြေသွားတာဖြစ်တယ် ဟု ဆန္ဒပြအလုပ်သမားတွေက ပြောဆိုနေသည်။ |
အိုမီကာစက်ရုံမှ အလုပ်သမားများ နေ့စားခ တိုးမြှင့်ပေးရန် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှု အောင်မြင်
Labels:
သတင်းမှတ်တမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment