မဲ့ဆောက်
မြို့ပိုင်ရုံးအနီး ROYAL TEX. CO. LTD (ဘန့်နုရာ သိုးမွေး) စက်ရုံတွင် 29 . 5 . 2012 ရက်နေ့တွင်း အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။

စက်ရုံရှိအလုပ်သမားအများစုမှာ ဒါဇင်စားအလုပ်သမားများဖြစ်ပြီး အလုပ်ချိန် မနက် 8 နာရီမှ ည 10 နာရီအထိ လုပ်ခမှာ 1 လ
လုပ်အားခစုစုပေါင်း
1500 ဘတ်မှ
1900 ဘတ်အလွန်ဆုံးသာရရှိသဖြင့် ဈေးနှုန်းတိုးမြင့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများသည် အောက်ပါ
တောင်းဆိုချက်များကို
တောင်းဆို
တင်ပြခဲ့သည်။
1 - ဒါဇင်ကြေးတိုးပေးပါရန်နှင့် ညနေ 6 နာရီ နောက်ပိုင်း OT (အချိန်ပို)ကြေးပေးပါရန်၊ တနင်္ဂနွေနေ့အလုပ်ဆင်းရပါက လုပ်အားခ ကို ဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း 2 ဆပေးရန်
2 - ဒါဇင်ကြေးကို မတိုးပေးပါက နေ့စားခ (225) ဘတ် နှင့် OT ကြေး 1 နာရီလျှင် (25) ဘတ်ပေးပါရန်နှင့် ရာခိုင်နှုံးကြေး 3 ရာခိုင်နှုံး ဖြတ်တောက်ခြင်းကို ရပ်တန့်ပေးရန် တို့ဖြစ်သည်။
ထိုတောင်းဆိုချက်နှစ်ချက်ကို စက်ရုံရှိအလုပ်သမားများအားလုံး (125 ယောက်) မှ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြသည်။

30 ရက်နေ့ ည 9 နာရီခွဲခန့်တွင်
အလုပ်သမားများသည် မြန်မာအလုပ်သမားများကွန်ယက်သို့ ဖုန်းဆက်အကြောင်းကြားလာသဖြစ် အလုပ်သမားများနှင့်
သွားရောက်တွေ့ဆုံပြီး လိုအပ်သည့်အကြံဉာဏ်များ ပေးခဲ့ပါသည်။

နံနက်
93း0 နာရီခန့်တွင် အလုပ်သမားခေါင်းဆောင် 3 ဦး ထွက်လာပြီး မြန်မာအလုပ်သမားများကွန်ယက်သို့ အကူညီတောင်းခံခဲ့သည်။ 10 နာရီ 30 ခန့်တွင် မြန်မာအလုပ်သမားများကွန်ယက်မှ ဦးဆောင်၍ အလုပ်သမားကာကွယ်ရေးရုံး (စ၀ါတီကန်) သို့ သွားရောက် အလုပ်သမားများ၏တောင်းဆိုချက်များကို တင်ပြ အကြောင်းကြားခဲ့သည်။ အလုပ်သမားကာကွယ်ရေးမှ အရာရှိမှ အလုပ်ရှင်နှင့် သူသွားရောက် ဆွေးနွေးပေးမယ်ပြောပါတယ်။ အလုပ်သမားကာကွယ်ရေးရုံမှ တာဝန်ရှိသူက
7 – 6- 2012 (ကြာသပတေး) နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်သမားကာကွယ်ရေးရုံးတွင်
ညှိနိုင်းတွေ့ဆုံရန်အတွက် ချိန်းဆိုလိုက်ပါသည်။ အလုပ်သမားများအနေနှင့် အလုပ်ပြန်ဆင်းရန်နှင့် အလုပ်သမားတွေတောင်းဆိုသည့်အချက်ကို သူ့အနေနှင့် အလုပ်ရှင်နှင့် ဆွေးနွေးပေးမည်ဟုပြောပါသည်။

7 ရက်နေ့တွင် စက်ရုံပိုင်ရှင်နှင့် ကိုယ်စာလှယ် 5 ဦး၊ အလုပ်သမား
ကိုယ်စားလှယ် 7 ဦး နှင့် အလုပ်သမားကာကွယ်ရေးရုံး(စ၀ါတီကန်)မှ တာဝန်ရှိသူတို့ မနက်
10 နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တဘက်နှင့်တဘက် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ညနေ 4 နာရီ အချိန်ခန့်တွင်
အောက်ပါသဘောတူညီမှုကို ရရှိခဲ့ပါသည်။
1 . ယခင် ဒါဇင်စား (ပုတ်ပြတ်စား) အဖြစ်မှ နှစ်ဘက်သဘောတူညီ၍ နေ့စားအဖြစ်
ပြောင်းလဲသတ်မှတ်ခဲ့သည်။
2. နေ့စားခကို ရေ၊ မီး၊ အဆောင်၊ ထမင်းဖိုး စသည်တို့ဖြစ်တောက်ပြီး
နေ့စားခကို 155 ဘတ် တန်းတူရရှိမည်။
3. အချိန်ပို ( OT ) ကြေးကို တနာရီလျှင် 10 ဘတ် နှုံးဖြင့် သတ်မှတ်လိုက်သည်။
4. တနင်္ဂနွေ အလုပ်ဆင်းခိုင်းပါက နေ့စားခကို 2 ဆပေးရမည်။
5. အလုပ်မရှိသည့် နေ့များတွင် 50 ဘတ်ကို အလုပ်ရှင်မှ ပေးရမည်။
6. တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်များတွင် ထမင်းမပေးပဲ အလုပ်သမားများအား
မိမိဘာသာ ချက်စားနိုင်ရန်အတွက် အလုပ်ရှင်မှ ဆန် ပေးရမည်။
ဆိုသည့် အချက် 6 ချက်ကို သဘောတူညီခဲ့သည်။
အထက်ပါ သဘောတူညီချက်သည် 8 – 6 – 2012 (သောကြာ) နေ့တွင် စတင်
အကျုံးဝင်မည်ဖြစ်သည်။